6.7.16

မိုင်ဂျာယန်တွင်ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ထိပ်သီးညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံတင်ပြပါက အစိုးရကူညီပံ့ပိုးမည်

မိုင်ဂျာယန်တွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်း ဆောင်များထိပ်သီးညီလာခံကို ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ထောက်ခံပြီး တရား ၀င်တင်ပြလာပါက အစိုးရဘက်က ကူညီ ပံ့ပိုးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၁ ရာစု ပင်လုံညီလာခံတွင် မူဝါဒ တစ်ရပ်စုစည်းတင်ပြနိုင်ရန် ကြိုတင်ဆွေး နွေးမှုများပြုလုပ်မည့် ထိပ်သီးညီလာခံ တစ်ခုကို NCA ရေးထိုးထားသော အဖွဲ့များ နှင့် မရေးထိုးရသေးသောအဖွဲ့များ ပူးပေါင်းပြီး ကေအိုင်အိုထိန်းချုပ်နယ်မြေ၌ ပြုလုပ်ရန် စီစဉ်နေသည်။
‘‘မိုင်ဂျာယန်ကိစ္စကတော့ ဆောင်ရွက်လိုတဲ့ကိစ္စ ကျင်းပ မယ့်ရက်တွေကို အစိုးရဆီတရား ၀င် တင်ပြဖို့ဆိုတာမျိုးရှိတယ်။ ဒါပေမဲ့ ကျွန်တော်နားလည်သ လောက်တော့ ချင်းမိုင်မှာ ဒီ ၈ ရက်ခန့်လောက်မှာ တိုင်းရင်းသား တွေဘက်ကစုဖွဲ့ပြီးတော့ ကျင်းပ ရေး ကော်မတီတွေဖွဲ့ပြီးရင် အစိုးရ ဘက်ကို သူတို့ဘက်ကနေ အဆို ပြုချက်တွေ တင်မယ့်သဘောရှိပါ တယ်။ ဒါပေမဲ့ စုဖွဲ့ ဆွေးနွေးတာ ကောင်းတဲ့လုပ်ငန်းတစ်ခုလို့ ဒေါ် အောင်ဆန်းစုကြည်က အရင်က တည်းက မှတ်ချက်ပေးထားတဲ့အ တွက် အစိုးရဘက်ကတော့ ဒီ ဘက်ကို အဆိုတင်လာတဲ့အပေါ် မှာ ၀ိုင်းဝန်းကူညီဖို့ ကိစ္စပဲရှိပါ တယ်’’ဟု ဇူလိုင် ၅ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အစည်းအဝေးအပြီး၌ ပင်လုံအကြို ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။
ဇွန်လ ၂၈ ရက်က ပြုလုပ်ခဲ့ သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံပွဲ အပြီးတွင် ပအို့ဝ်အမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် နာယက  ဗိုလ်မှူးကြီး ခွန်ဥက္ကာက‘‘တိုင်းရင်း သားညီလာခံနဲ့ ပတ်သက်ရင် တော့ ဘယ်သူမဆို အချင်းချင်း ညှိနှိုင်းတာ ကောင်းပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် မှတ် ချက်ရှိတယ်။ ညီလာခံကျင်းပမယ့် ကော်မတီက ဘယ်မှာကျင်းပ မယ်။ ဘယ်သူတွေ တက်မယ် စသဖြင့် တရားဝင်ခွင့်တောင်း ရင် အစိုးရက လိုအပ်တဲ့ပံ့ပိုးမှုတွေ ခရီးသွားတာ လုံခြုံးရေး စတာ တွေကို လုပ်ပေးဖို့ရှိတယ် ပြောပါ တယ်။ ဒါက ထောက်ခံမှုရှိတယ် ပြောနိုင်ပါတယ်’’ဟု ထိပ်သီးညီလာခံနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို မှတ်ချက်တောင်းခံသည့် 7Day ၏ မေးမြန်းမှုကို ဖြေဆိုသည်။
‘‘မိုင်ဂျာယန်ဆိုတာ အဓိက က ဘာလဲ။ လက်မှတ်ထိုးထားတဲ့ အဖွဲ့နဲ့ လက်မှတ်မထိုးထားတဲ့ အ ဖွဲ့တွေလုပ်တဲ့ပွဲ။ သူတို့တွေသွား ဆုံတဲ့အခါကျရင် ကျွန်တော်တို့ တင်ပြထားတဲ့ဟာတွေ သူတို့ (လက်မှတ်ထိုးထားသောအဖွဲ့) က ပြန်ပြီးရှင်းပြမှာပေါ့။ သူတို့ ဟာ သူတို့ ဆုံးဖြတ်ချက်ချမှာ ပေါ့’’ဟု ပင်လုံအကြိုပြင်ဆင်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင် မျိုးဝင်းက ပြောသည်။
ထိပ်သီးညီလာခံများကို ယခင်အစိုးရလက်ထက်က ကေ အိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာတွင် နှစ်ကြိမ်၊ ကေအင်န်ယူဌာနချုပ် လော်ခီးလာတွင် နှစ်ကြိမ်၊ ‘၀’အဖွဲ့ဌာနချုပ်ရှိရာ ပန်ဆန်းတွင် နှစ် ကြိမ် ပြုလုပ်ခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment