6.7.16

အာရှသားတွေအွန်လိုင်းမှာအချိန်ဖြုန်းမှုအများဆုံးဖြစ်

အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ် ၊ အိန္ဒိယ၊ ထိုင်ဝမ်နဲ့ဟောင်ကောင်တို့လို အာရှဈေးကွက်နိုင်ငံကိုးနိုင်ငံရဲ့ အွန်လိုင်းသုံးစွဲမှုနဲ့ပတ်သက်လို့ တွက်ချက်မှုတွေလုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာ လွန်ခဲ့တဲ့နှစ်တွေကအသုံးပြုမှုပိုများပြားလာတယ်လို့သိရပါတယ်။
ဗီယက်နမ် နိုင်ငံသားတွေဟာ သီတင်းတစ်ပတ်မှာ ပျမ်းမျှ ၂၄ နာရီနဲ့ ခုနစ်မိနစ် လောက်ကို အွန်လိုင်းတက်ရင်းနဲ့ အချိန်ကုန်လျက်ရှိနေပြီးတော့ ယင်းအချိန်အတိုင်းအတာဟာ အလုပ်လုပ်ရက် သုံးရက်စာအချိန်အတိုင်းအတာနဲ့ ညီမျှ နေတယ်လို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ Nielsen အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ယခု အတိုင်းအတာဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကထက် နာရီပေါင်း ၉ နာရီနီးပါးထိ တိုးမြင့်လာတာလည်းဖြစ်ပါတယ်။ Nielsen Vietnam ဟာ ယနေ့ခေတ်လူမှုမီဒီယာတွေအသုံးပြုမှုနဲ့ပတ်သက်ပြီးတော့ဗီယက်နမ်တွေရဲ့ သုံးစွဲမှုကို တိုင်းတာအကဲဖြတ်တွက်ချက်ခဲ့ပြီး
အစီရင်ခံစာတစ်ရပ်ထုတ် ထပ်မန်ထုန်ပြန်ပေးခဲ့ပါတယ်။ယင်း အစီရင်ခံစာအရ အသက် ၂၁ နှစ်နဲ့ ၂၉ နှစ်ကြား အသက်အပိုင်းအခြားရှိ ဗီယက်နမ် နိုင်ငံသားတွေဟာ အင်တာနက်ပေါ်မှာပဲအချိန်ကုန်မှုများပြားနေပြီးတော့ တစ်ပတ်ကို နာရီပေါင်း ၂၇ နာရီနဲ့၂ နာရီလောက်ထိ လိုင်းတက်နေကြတယ်လို့ ဖော်ပြထားခဲ့ပါတယ်။အသက် ၄၀ နဲ့ အထက် အသက်အရွယ်အပိုင်းအခြား အုပစ်ုကတော့တစ်ပတ်ကို ၂၂ နာရီနဲ့ ၆ မိနစ်လောက်အထိ အချိန်ပေးသုံးစွဲနေတယ်လို့လည်း သိရပါတယ်။ယင်းနိုင်ငံသားတွေရဲ့ အင်တာနက်အသုံးပြုမှုပိုင်းမှာ သုံးစွဲသူပေါင်း၃၁ ရာခိုင်နှုန်းလောက်က စမတ်ဖုန်းတွေနဲ့ အသုံးပြုနေကြပြီးတော့၃၈ ရာခိုင်နှုန်းလောက်က လက်တော့ပ်တွေနဲ့အသုံးပြုကြတယ်လို့လည်းယင်းအစီရင်ခံစာမှာ ဆိုထားပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment