6.7.16

Brexit ကြောင့် အာရှဗဟိုဘဏ်တွေအနေနဲ့ ငွေကြေးမူဝါဒပိုင်းမှာ ဖြေလျှော့ပြောင်းလဲမှုတွေလုပ်သွားရဖို့ ရှိလာနေဟု ဆို


ဥရောပသမဂ္ဂ ကနေ ထွက်ဖို့ ဗြိတိန်တို့ မဲပေးဆုံးဖြတ်ခဲ့တဲ့နောက်ပိုင်း အာရှဒေသက ဗဟိုဘဏ်တစ်ချို့အနေနဲ့ ယင်းတို့ရဲ့ ငွေကြေးမူဝါဒပိုင်းမှာဖြေလျှော့မှုတွေလုပ်သွားရဖို့ များလာတယ်လို့ သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။
ယခုဆိုရင်လည်း ကာလကြာမြင့်လာနေတဲ့စီးပွားရေးရာမသေချာမရေရာမှုတွေက ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာပါ ပိုမိုပြီးအကျဘက်ကို ဦးတည်သွားစေလျက်ရှိနေပါတယ်။ရင်းနှီးမြှုပ်နှံမှုအတွက် ဆုံးဖြတ်ချက်တွေချဖို့ နှောင့်နှေးကြန့်ကြာနေတာနဲ့ Brexit နောက်ပိုင်း အလုပ်အကိုင်တွေနဲ့ စားသုံးသူ သုံးစွဲမှုတွေအပေါ် ထိုးနှက်လာခဲ့တာတွေက ကုန်သွယ်မှုပေါ်မှာပဲအဓိကအခြေခံတဲ့အာရှက စီးပွားရေးနိုင်ငံတွေရဲ့ ပို့ကုန်လုပ်ငန်းအပေါ် ထိခိုက်စေနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။ ဒေသတွင်းနိုင်ငံတွေအနေနဲ့ ယခုအခါမှာလဲ ပြင်ပ၀ယ်လိုအားပိုင်း အားနည်းနေတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရလျက်ရှိပါတယ်။ယခုအခါမှာလည်း အာရှဒေသက ဗဟိုဘဏ်မူဝါဒဆိုင်ရာ အစည်းအဝေးတွေကနေ ငွေကြေးမူဝါဒတွေ လျော့ပေါ့ဖို့ အလားအလာတွေ ထွက်ပေါ်လာရဖို့ရှိနေပါတယ်။
" အီးယူနဲ့ ယူကေတို့ရဲ့ ဆက်ဆံရေးပိုင်းမှာ မသေချာမရေရာမှုတွေ ရှိလာနေတာက ဒေသတွင်းက နိုင်ငံတွေရဲ့ ပို့ကုန်ကဏ္ဍအပေါ်မှာ ဖိအားတွေ သက်ရောက်လာခဲ့ရပါတယ်၊ နောက်ပြီးတော့ အာရှဒေသက ကုန်သွယ်မှုအကျပ်အတည်းကိုပဲပိုပြီးတော့ တိုးပွားသွားစေခဲ့ပါတယ်" ဆိုပြီး စင်ကာပူနိုင်ငံရဲ့ ANZ က သုတေသနအကြီးအကဲ Khoon Goh ကပြောသွားပါတယ်။
အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့လိုမျိုး ထွန်းသစ်စ ဈေးကွက်တွေမှာငွေကြေးတန်ဖိုး အားနည်းမှုကနေဖြစ်ရတဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် မူဝါဒပိုင်းရွေးချယ်မှုတွေလုပ်ရဖို့ အကျပ်ဆိုက်နိုင်လျက်ရှိပါတယ်။ ဒါပေမယ့်လည်း သြစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေမှာလည်း မူဝါဒပိုင်း လျော့ပေါ့မှုတွေ လုပ်ရမယ့် အလားအလာတွေ တိုးပွားလာနေတယ်လို့ သိရပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment