20.10.16

မီးဘေးသင့် မင်္ဂလာဈေးကို နိုဝင်ဘာလတွင်စတင် ဖျက်သိမ်းမည်

ရန်ကုန် မင်္ဂလာဈေးအဆောက်အအုံကို နိုဝင် ဘာလတွင် ဖျက်သိမ်းရေးလုပ်ငန်းများ စတင် ဆောင်ရွက်သွား မည်ဖြစ် ကြောင်း ရန် ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရသည်။

လက်ရှိတွင် မင်္ဂလာဈေးအ ဆောက်အအုံအား ဖျက်သိမ်းမည့် ကုမ္ပဏီကိုအောက်တိုဘာ ၁၉ ရက် ကပဏာမအနေဖြင့်ရွေးချယ် ထား ပြီးဖြစ်ပြီး ယင်းကုမ္ပဏီအနေဖြင့် တင် ပြပါအချက်အလက်များအတိုင်း နှစ် လအတွင်းဈေးအားဖျက်သိမ်းရေး လုပ်ငန်း များဆောင် ရွက်ပေးနိုင် ခြင်းရှိ၊ မရှိကိုထပ်မံစိစစ်အတည်ပြု ချက်ရယူပြီးမှသာ တင်ဒါအောင်ကုမ္ပ ဏီအဖြစ် သတ်မှတ် သွား မည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန(အဆောက်အအုံ)မှ ဌာနမှူး ဦးသန်းဌေးက ပြော သည်။
ယင်းနှင့်ပတ်သက်၍ အောက် တိုဘာ ၁၉ ရက်က ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ အ စည်းအဝေးခန်းမ ၂ တွင်ပြုလုပ်သည့် မင်္ဂလာဈေး ဖျက်သိမ်းခွင့်လျှောက် ထားသည့်ကုမ္ပဏီနှစ်ခုအနက်တစ် ခုအားပဏာမရွေးချယ်ပွဲအပြီးတွင် မီဒီယာများ၏မေးမြန်းမှုများကို ၎င်းင်း က အထက်ပါအတိုင်းပြောခဲ့သည်။
အင်ဂျင်နီယာဌာန (အဆောက် အအုံ)မှဌာနမှူး ဦးသန်းဌေးက " နိုဝင်ဘာ လထဲမှာတော့ မဖြစ်မနေဖြို ရမယ်။ အဲဒါကြောင့် တင်ဒါကိစ္စကို ဒီလထဲမှာ အပြတ်လုပ်သွားမှာဖြစ်ပါ တယ်။ ခုပဏာမရွေးချယ်ထားတဲ့အဖွဲ့ ရဲ့ပါဝါပွိုင့်နဲ့ စာရွက်ပေါ် ကအချက်အလက်တွေ ကိုမြေပြင်ပေါ်မှာ တ ကယ်လုပ်နိုင်၊ မလုပ်နိုင်ဆို တာ သေချာ စိစစ်ပြီးသေချာပြီဆိုမှ စာချုပ်ချုပ် တာတို့လုပ်ရမယ်။ တင်ဒါအောင် ကုမ္ပဏီကိုမကြေညာရသေးလို့ ပြော ခွင့်မရှိသေးဘူး။ တရားဝင်ကြေ ညာ ပါမယ် " ဟု ပြောသည်။
အဆိုပါဈေးအား ဖျက်သိမ်း ခွင့်ရရှိမည့်ကုမ္ပဏီအနေဖြင့် နှစ်လ အတွင်းအပြီး ဖျက်သိမ်းနိုင်ခြင်းမရှိပါက နေ့စဉ်ပေးဆောင် ရမည့်ဒဏ် ငွေသည် ထိရောက် သည့် ဒဏ်ငွေမျိုး ဖြစ်စေ ရန် ပြင်ဆင်ရေးဆွဲ သွားမည် ဖြစ်ကြောင်း ၊ ဈေးသူ၊ ဈေးသားများ ၏တင်ပြချက်များကိုလည်း တင်ဒါ အောင်ကုမ္ပဏီအဖြစ် ပဏာမရွေး ချယ်ထားသည့်ကုမ္ပဏီနှင့်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
မင်္ဂလာဈေးကို အသစ်ပြန် လည်တည်ဆောက်ရေးအတွက် ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အတွင်းရေးမှူးနှင့်အ ဖွဲ့ဝင်များဆက် လက်ဆောင်ရွက် သွား မည်ဖြစ်ကြောင်းသိရသည်။
ထွန်းရတနာခင်ဆောက်လုပ် ရေးကုမ္ပဏီနှင့်ဧကရီဖူးကုမ္ပဏီတို့ မှာ မင်္ဂလာဈေးဖျက်သိမ်းရေးတင်ဒါ ကိုဝင်ရောက်ယှဉ်ပြိုင်ထား ကြခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ မင်္ဂလာ ဈေးမြေညီထပ်ဈေးသူဈေးသားတစ် ဦးက "ဈေးကိုဖျက်မယ်ဆိုရင် နှစ်လ အတွင်းဖျက်မယ် လို့ပြောထားပြီး မ ပြီးဘဲ လျော်ကြေးပေးပြီးကြာနေမှာ ကိုစိုးရိမ်ပါတယ်။ ခုကမင်္ဂလာဈေးမှာ မရောင်းရတော့ နေရာငှားရောင်းနေ ရတာမှာဆိုင်ငှားခကအရမ်းဈေး များ တော့အချိန်တွေထပ်ကြာမှာကို ကျွန်မ တို့ ဈေးသူဈေးသားတွေက စိုးရိမ် နေကြတာဖြစ်ပါ တယ်" ဟုပြောသည်။
အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့တော်စည် ပင် သာယာရေးကော်မတီ အစည်း အဝေးခန်းမ ၂ တွင်အဆိုပြုလွှာတင် သွင်းခြင်းနှင့်ဖွင့်ဖောက်ရွေးချယ် ပွဲပြုလုပ်ခဲ့ပြီး မင်္ဂလာဈေးဖျက်သိမ်း ရေး တင်ဒါရရှိရန်ယှဉ်ပြိုင်ခဲ့သည့် အဖွဲ့နှစ်ဖွဲ့အနေဖြင့် ဈေးဖျက်သိမ်း ရာတွင် အသုံးပြုမည့်စက်ယန္တရား အရေအတွက်နှင့်အန္တရာယ်ကင်း ရှင်းရေးဆိုင် ရာလိုအပ်သည့်အချက် အလက်များကို အောက်တိုဘာ ၁၀ ရက် နောက်ဆုံး ထား၍ တင်ဒါစိ စစ်ရေးကော်မတီထံပြန်လည်တင် သွင်းခဲ့ကြသည်။
မင်္ဂလာဈေးမှာ၂၀၁၀ ခုနှစ်တွင် တစ်ကြိမ်မီးလောင်ကျွမ်းခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့တွင် ဒုတိယအကြိမ်မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်း စုစုပေါင်း ၄၀၆၇ ခန်းရှိသည့် အနက် ၁၆၃၆ ခန်းမီးလောင်ပျက်စီးခဲ့ သည်။
Credit To >>> Mizima Burmese


0 comments:

Post a Comment