21.10.16

လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေ

ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံ သို့ ဦးတည်လာနိုင်သော်လည်း ပြန်လည်အားပျော့ကာ လေဖိ အားနည်းရပ်ဝန်းအဆင့်ဖြင့်ရခိုင် ပြည်နယ်ကမ်းခြေသို့ အောက်တို ဘာ ၂၄ ရက်တွင် ဖြတ်ကျော်ဝင် ရောက်နိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။

ဘင်္ဂလားပင်လယ်အော် အ ရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေ သော လေဖိအားနည်းရပ်ဝန်း သည် အောက်တိုဘာ ၂၂ ရက် တွင် မုန်တိုင်းငယ်အဆင့်ဖြစ်လာ နိုင်ကာလတ်တလောအခြေအနေ ၌ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားနေကြောင်း ပြောကြား သည်။


ဒေါက်တာထွန်းလွင်က ‘‘အောက်တိုဘာ ၂၂ ရက်လောက် မှာ မုန်တိုင်းငယ်ဖြစ်လာပြီးမြန်မာ နိုင်ငံဘက် ဦးတည်လာပေမယ့် လမ်းခုလတ်မှာပဲ အားပြန်လျော့ ပြီးလေဖိအားနည်းရပ်ဝန်းအနေနဲ့ ရခိုင်ကမ်းခြေကို ၀င်နိုင်တယ်။ အထူးသဖြင့် ရခိုင်ပြည်နယ် တောင်ပိုင်းကမ်းခြေကို ဖြတ်ပြီး အားပျော့ ပျက်ပြယ်သွားနိုင် တယ်’’ဟု ပြောသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကလည်း လေဖိအားနည်း ရပ်ဝန်းသည် နောက်နှစ်ရက်အတွင်း ပိုမိုအား ကောင်းလာကာ မုန်တိုင်းငယ် တစ်ခုအဖြစ်သို့ ရောက်ရှိနိုင် သည်ဟု သတင်းထုတ်ပြန်ထား သည်။

လတ်တလောဖြစ်ပေါ်နေ သော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်ရန်ကုန်တိုင်း၊ ဧရာ ၀တီတိုင်း၊ ပဲခူးတိုင်းဒေသကြီး မွန်နှင့် ကရင်ပြည်နယ်တို့၌အချိန် အခါမဟုတ် မိုးရွာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေး သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment