21.10.16

တပ်နှင့် မြေပြင်တိုက်ပွဲမဖြစ်သော်လည်း စစ်ရေးတင်းမာနေဆဲဟု KIA ပြောခွင့်ရပုဂ္ဂိုလ်ပြော

တပ်မတော်နှင့် ကချင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIO/KIA တို့အကြား လတ်တ လောတွင် မြေပြင်တိုက်ပွဲများဖြစ် ပွားခြင်းမရှိသော်လည်း စစ်ရေး တင်းမာနေဆဲဖြစ်သည်ဟု KIO/ KIA ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူက အောက်တိုဘာ ၂၀ ရက် ညနေ၌ ပြော သည်။

  ‘‘အခုလောလောဆယ်က တော့ ခါတိုင်းတိုက်ပွဲဖြစ်နေတဲ့ Giton တပ်စခန်းဘက်မှာ တပ်မ တော်ဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့ အခြေအနေဖြစ်ပါ တယ်။ KIA ဘက်ကလည်း လက် နက်ကြီးနဲ့ လှမ်းပစ်တာပါ။ မြေ ပြင်တိုက်ပွဲကတော့ မရှိပါဘူး။ မြေပြင်တိုက်ပွဲမဖြစ်တာ တစ်ပတ် လောက်တော့ရှိပြီ’’ဟု ဒုဗိုလ်မှူး ကြီးနော်ဘူက ပြောကြားသည်။
  တိုက်ပွဲဖြစ်ပွားရာနေရာ တွင် အင်အားဖြည့်တင်းခြင်းများ ဆက်လက်ရှိနေသောကြောင့် နှစ် ဖက်အကြား တင်းမာသည့် အနေ အထားဟု  ပြောလိုခြင်းဖြစ် ကြောင်း၊ ယခုနှစ်ဖက်အကြား စစ်ရေးတင်းမာနေသည့်နေရာမှာ KIO/KIA ၏ လိုင်ဇာဌာနချုပ်နှင့် ကီလိုမီတာ ၃၀ နှင့် ၃၅ အကြား တွင် တည်ရှိနေကြောင်း ဒုတိယ ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

‘‘နေရာကတော့ အခု နှစ်လ ခန့်လောက်ဖြစ်တဲ့ အင်ခရမ်ဘွမ် တောင်ကုန်းဖြစ်ပါတယ်။ ကျွန် တော်တို့ တပ်စခန်းကတော့ Giton တပ်စခန်းဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။
 တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်ချုပ်အောင်ရဲဝင်းထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ နောက်နေ့မှ ဖြေကြားမည်ဟု ပြောကြားခဲ့သည်။
  တိုင်းရင်းသားဒေသတွင် ထိုးစစ်ဆင်ပြီး တိုက်ပွဲများ ဖန်တီး နေခြင်းများကို ရပ်တန့်ပေးရန် မေတ္တာရပ်ခံသည်ဟု တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက် မှတ်ရေးထိုးထားသည့် ချင်းတိုင်း ရင်း သားလက်နက်ကိုင်အဖွဲ့ (CNF) ဥက္ကဋ္ဌ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက အောက်တို ဘာ ၂၀ ရက်တွင် ပြောကြားသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကော် မရှင်နှင့် KIO/KIA အပါအ၀င် NCA လက်မှတ်မရေးထိုးရသေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် ဖွဲ့စည်းထား သော UNFC ၏ ကိုယ်စားလှယ်အ ဖွဲ့တို့အကြား ဆွေးနွေးမှုများဆက် လက်ပြုလုပ်ရန် ချိန်းဆိုထားပြီး ဖြစ်၍ ယင်းသို့ မကြာခဏ ဆွေး နွေးခြင်းသည်ပင်လျှင် ပဋိပက္ခ များ လျှော့ချရပ်ဆိုင်းနိုင်ခြင်း၊ NCA ရေးထိုးနိုင်ခြင်းတို့ကို မျှော် လင့်ထားသည်ဟု အစိုးရကိုယ် စားလှယ် ဦးလှမောင်ရွှေက အောက်တိုဘာ ၂၀ ရက်တွင် ပြောသည်။
ကချင်ပြည်နယ်အတွင်း သြ ဂုတ်လလယ်က စတင်ဖြစ်ပွား သော တပ်မတော်နှင့် KIO/KIA တို့အကြား တိုက်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းပေးရေး ဆန္ဒထုတ်ဖော်မှု ကို အောက်တိုဘာ ၂၂ ရက်တွင် မြစ်ကြီးနားမြို့၌ ပြုလုပ်နိုင်ရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံထားသည်ဟု မြစ်ကြီး နားမြို့အခြေစိုက် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာက အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment