21.10.16

ငွေကြေးဖောင်းပွမှုမြင့်မားခြင်း စီးပွားရေးအတွက် စိုးရိမ်စရာဖြစ်

. မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်ဖြစ်သော သဘာဝဓာတ် ငွေ့ ဈေးနှုန်းကျဆင်းနေချိန်တွင် ငွေကြေးဖောင်းပွမှုမြင့်တက်နေ ခြင်းသည် နိုင်ငံ့စီးပွားရေးအတွက် စိုးရိမ်စရာဖြစ်ကြောင်း အရှေ့ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ဘဏ် စီးပွားရေးဆိုင်ရာ အရာရှိက ပြောသည်။

ငွေကြေးဖောင်းပွမှုကြောင့် စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာ ပြီး ဝယ်လိုအားများ လျော့ကျမည် ဟု Mr. Sudhir Shett က ပြော ကြားသည်။

‘‘အစိုးရက လိုငွေကို ဗဟို ဘဏ်က ဖြည့်နေတယ်။ ဒါက လည်း ငွေကြေးဖောင်းပွမှုအ တွက် တွန်းအားတစ်ခုဖြစ်နေ တယ်။ ဒါကို ထိန်းဖို့လိုတယ်’’ဟု အောက်တိုဘာ ၂၀ ရက်က ပါ့ခ် ရွိုင်ရယ်ဟိုတယ်၌ ပြုလုပ်သော ကမ္ဘာ့ဘဏ်၏ Economic Deve−lopment and Policy Directions in East Asia and Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် Mr. Sudhir Shett က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ပို့ ကုန်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့သည် ၄၅ ရာခိုင်နှုန်းအထိ ရှိနေသဖြင့် ကမ္ဘာ့ရေနံဈေးကျဆင်းမှု၏ အကျိုးဆက်ကြောင့် ဓာတ်ငွေ့ဈေးနှုန်းလည်း ကျဆင်းနေသည်။ ထို့အတူ လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှုမှ ပြန်လည်ရရှိငွေ ကလည်း လျော့နည်းနေသည်။

ထို့ကြောင့် ပို့ကုန်နှင့် သွင်း ကုန်ပမာဏမညီမျှဘဲ ကုန်သွယ် မှု လိုငွေများနေသဖြင့် ငွေကြေး ဖောင်းပွမှု မြင့်တက်စေသည့်အ ကြောင်းရင်းတစ်ခု ဖြစ်သည်ဟု မစ္စတာ Sudhir Shett က ဆို သည်။

ကမ္ဘာ့ဘဏ်၏ ခန့်မှန်းထား သော မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုသည် ၈ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။ သို့သော် မြန်မာနိုင်ငံ ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှု ကို ခန့်မှန်းရာတွင် ၁၂ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း တရားဝင် ဖော်ပြထားသည်။

သို့သော် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု (ဂျီဒီပီ)သည်လည်း ၇ ဒသမ ၈ ရာခိုင်နှုန်းရှိနေသည်။ ထိုဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် အ ရှေ့အာရှနှင့် အာဆီယံနိုင်ငံများ ကဲ့သို့ပင် ဖွံ့ဖြိုးမှုအားကောင်းနေ သည်ဟု မစ္စတာ Sudhir Shett က ဆိုသည်။

မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုသည် အစိုးရ၏ ဘတ် ဂျက်လိုငွေ များခြင်းကြောင့်ဖြစ် ကြောင်း ကမ္ဘာ့ဘဏ်အုပ်စု မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွား ရေး ပညာရှင် မစ္စတာ Habib Rab က ဆိုသည်။ ဘတ်ဂျက်လိုငွေကို ငွေချေးစာချုပ်များ ရောင်းချပြီး ဖြည့်ဆည်းခြင်း၊ ဗဟိုဘဏ်က ငွေချေးရခြင်းသည် ငွေစက္ကူများ ထပ်မံရိုက်ထုတ်ရမည်ဖြစ်၍ ငွေ ကြေးဖောင်းပွမှု ဖြစ်ရသည်ဟု ဆိုသည်။

ကမ္ဘာ့ဘဏ်၏ ငွေကြေး ဖောင်းပွမှု ညွှန်းကိန်းနှင့် ပတ် သက်၍ ပြည်တွင်းစီးပွားရေး ပညာရှင်အချို့က ဝေဖန်ထောက်ပြမှု များလည်း ရှိနေသည်။ လက်ရှိ အစိုးရဘတ်ဂျက်တွင်လည်း အ သုံးစရိတ်များနေပြီး နိုင်ငံတကာမှ ငွေချေးကာ စီမံကိန်းများအ ကောင်အထည်ဖော်နေမှုကြောင့် ငွေကြေးဖောင်းပွမှု ၂၀၁၅ ထက် မလျော့နိုင်ဟု ဦးလှမောင်က ဆို သည်။

ပြီးခဲ့သည့် ၂၀၁၅ က ရေကြီးမှုနှင့် ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ၁၁ ရာခိုင်နှုန်းကျော်ရှိသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment