21.10.16

ပုဂံတွင် သရပါတံခါးနှင့် စေတီနှစ်ဆူအနီး ယာဉ်သွားလာခွင့်ပိတ်ပင်

ပုဂံရှိ ရှေးဟောင်းအ ဆောက်အအုံများ ထိခိုက်ပျက်စီး မှုမရှိစေရေးအတွက် သရပါတံခါး နှင့် စေတီနှစ်ဆူအနီး ယာဉ်သွား လာခွင့်ပိတ်ပင်ပြီး နောက်ထပ် စေတီနှစ်ဆူအနီး၌လည်း ယာဉ် သွားလာခွင့် ဆက်လက်ပိတ်ပင် ရန် စီစဉ်နေကြောင်း ပုဂံရှေး ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေး မှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။
လက်ရှိတွင် သရပါတံခါး၊ နတ်လှောင်ကျောင်းနှင့် ပုထိုးသားများစေတီအနီး ယာဉ်ဖြတ်သန်း သွားလာခွင့်ပိတ်ထားပြီး စူဠာမဏိနှင့် သဗ္ဗညုစေတီအနီးကို လည်း ယာဉ်သွားလာခွင့်ပိတ်ပင် ရန် စီစဉ်နေကြောင်း ညွှန်ကြား ရေးမှူး ဦးအောင်အောင်ကျော် က 7Day Daily သတင်းစာအား ပြောသည်။
‘‘သရပါတံခါးကတော့ အစ ကတည်းက ယာဉ်ကြီးတွေမဖြတ် ဖို့ စီစဉ်ထားတာပေါ့။ အဓိကက ယာဉ်အသွားအလာတွေရဲ့ တုန် ခါမှုကြောင့် ပျက်စီးမှာ စိုးလို့ပါ။ အခုတော့ ဘယ်ယာဉ်ကြီးယာဉ် ငယ်မှ ဖြတ်လို့မရတော့ဘူး။ နောက်ပြီး စူဠာမဏိနဲ့ သဗ္ဗညု ဘုရားအနီးကိုလည်း ယာဉ်သွား လာခွင့်ပိတ်ဖို့ လုပ်သွားမှာပါ’’ဟု ၎င်းကဆက်လက်ပြောသည်။
ငလျင်ဒဏ်ကြောင့် ပျက် စီးသွားသော ရှေးဟောင်းပုဂံမြို့ တော်ရှိ စေတီပုထိုးများကို ရှင်း လင်းရေးလုပ်ဆောင်မှုများ ပြီးစီး ၍ အရေးပေါ်ပြုပြင်ရေးလုပ်ငန်း များ ပြုလုပ်နေကြောင်း ဦးအောင် အောင်ကျော်ကဆိုသည်။
 သြဂုတ် ၂၄ ရက်က လှုပ် ခတ်သော ငလျင်ဒဏ်ကြောင့် ရှေးဟောင်းပုဂံမြို့ရှိ စေတီပုထိုး ၄၃၈ ဆူ ပျက်စီးခဲ့သည်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွား သော စေတီပုထိုးများကို ယူနက် စကိုမှ ပညာရှင်များနှင့် တရုတ် နိုင်ငံမှ ပညာရှင်များက လာ ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ သည်။
Credit To >>>7 Day Daily

0 comments:

Post a Comment