21.10.16

ရှမ်းပြည်နယ် ဒီချုပ်ပါတီခေါင်းဆောင်အချို့ ထုတ်ပယ်မှုနှင့်ပတ်သက်၍ ဦးဝင်းထိန်ကို ကြားနာမည်

ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အချို့ကို အရေးယူခဲ့ခြင်းနှင့် ပတ်သက်၍ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကို ယခုလ ၂၄ ရက်တွင် ပါတီဗဟိုက ဖွဲ့ထားသော အယူခံအဖွဲ့က နေပြည်တော်၌ စတင်ကြားနာမှုပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါကိစ္စကို ကြားနာမှု များပြုလုပ်ပြီးပါက ဖြစ်စဉ်တစ်ခု လုံးကို လာမည့်နိုဝင်ဘာအတွင်း ကျင်းပမည့် ဗဟိုကော်မတီအ စည်းအဝေးသို့ တင်ပြမည်ဟု အ ယူခံအဖွဲ့ခေါင်းဆောင် မန္တလေး တိုင်းဒေသကြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ထွဋ် ဦးက ပြောကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ဆန်းက ဦးဝင်းထိန်၏ ရှမ်းပြည် နယ်ခရီးစဉ်အတွင်း ပါတီဝင်အ ချို့အား အရေးယူမှုအပေါ် ကာယကံရှင်များက ပါတီသို့ အယူခံ ၀င်ထားသဖြင့် ပါတီဗဟိုက ယင်း ကိစ္စကို စုံစမ်းစစ်ဆေးမှုများပြု လုပ်ရန် အယူခံအဖွဲ့ ဖွဲ့စည်းပေးထားခြင်းဖြစ်သည်။
‘‘အခုလာမယ့် ၂၄ ရက်မှာ ဦးဝင်းထိန်ကို  စပြီးကြားနာမယ် ပေါ့။ သူပြောတာနားထောင်မယ်။ ဖြေရှင်းခွင့်ပေးမယ်ပေါ့’’ဟု ဦးတင် ထွဋ်ဦးက ပြောသည်။ လက်ရှိအ ချိန်တွင် ဦးဝင်းထိန်သည် ချင်း ပြည်နယ်သို့ ခရီးသွားနေသည်။
စက်တင်ဘာလဆန်းက ဦးဝင်းထိန်သည် ရှမ်းပြည်နယ်ဗ ဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့ စည်းပေးရန် သွားရောက်ပြီး ခရီး စဉ်အတွင်း တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုးကို နှုတ်မိန့်ဖြင့် ထုတ်ပယ်ခြင်း၊ ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး၊ ဒေါ်မီးမီနှင့် ဒေါ်ယူမီ ဇော်တို့အား ရာထူးလျှော့ချခြင်းတို့ ပြုလုပ်ခဲ့သည်။
အဆိုပါလေးဦးကို အောက် တိုဘာ ၁၉ ရက်က နေပြည်တော် တွင် အယူခံအဖွဲ့က ခေါ်ယူတွေ့ ဆုံပြီး ထပ်မံတွေ့ဆုံမှုများပြုလုပ် ရန် ရက်ချိန်းပေးထားခဲ့ကြောင်း အယူခံအဖွဲ့ထံမှ သိရသည်။
‘‘ကျွန်တော်တို့က ဒီကိစ္စကို ဆုံးဖြတ်ခွင့်တော့မရှိဘူး။ကြားနာ မှုတွေပြီးရင် တွေ့ရှိချက်ကို လာ မယ့်လမှာ ကျင်းပမယ့် ဗဟိုကော် မတီအစည်းအဝေးကို တင်ပြမှာ’’ ဟု ဦးတင်ထွဋ်ဦးက ဆိုသည်။
ရှမ်းပြည်နယ် ပါတီဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးသည် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတွင် ပြည်နယ် အောင်နိုင်ရေးအဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်မှုမရှိ၍ အရေးယူခဲ့ခြင်းဖြစ်သည့်အပြင် တောင်ကြီးခရိုင် ပါတီဥက္ကဋ္ဌဦးတင်မောင်တိုးသည် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ ကို ပုတ်ခတ်စော်ကားသည့် စာသားများ ဖေ့စ်ဘွတ်ခ်တွင် ရေး သားခဲ့သောကြောင့် အရေးယူဖြစ် ကြောင်း ဦးဝင်းထိန်က မီဒီယာများအား ဖြေကြားခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment