27.10.16

ရခိုင်နှင့် တနင်္သာရီသို့ ဆန်တင်ပို့ခွင့် တစ်လခန့်ကြန့်ကြာ၍ ကုန်သည်များ အခက်တွေ့

ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးသို့ ဆန်တင်ပို့ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံမှ ခွင့်ပြုချက်ရယူရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဆန်ကုန်သည်အချို့ထံမှ သတင်းရရှိသည်။

တနင်္သာရီနှင့် ရခိုင်ပြည်နယ် သို့ ရေလမ်းမှ ဆန်တင်ပို့ရန် တိုင်းဒေသကြီးအစိုးရထံ လျှောက်ထားရာတွင် ဆန်ဈေးတက်မည်ကို စိုးရိမ်သည်ဟူသော အကြောင်းပြချက်ဖြင့် သုံးပတ်မှ တစ်လခန့်အထိ အချိန်ကြာမြင့်နေကြောင်း ဆန် ကုန်သည်အချို့က ပြောသည်။
‘‘အရင်အစိုးရလက်ထက်က ဆို ၂ ရက်နဲ့ ရတယ်။ အခုအစိုးရ မှ ဒီလောက်ကြာနေတာ လုပ်ရ ကိုင်ရခက်တယ်’’ဟု ဆန်ကုန် သည် ဦးနေလင်းဇင်က ပြော သည်။ တနင်္သာရီတိုင်းအတွက် ရန်ကုန်မှ ဆန်တင်ပို့မှုသည် တစ် လလျှင် ဆန်တန်ချိန် ၄,၅၀၀ ခန့် သာရှိပြီး ရခိုင်ပြည်နယ်သို့ ဆန် တင်ပို့မှုကလည်း ထိုပမာဏ၀န်း ကျင်သာဖြစ်ကြောင်း ဆန်ကုန် သည်အချို့က ဆိုသည်။ ဆန်တန် ချိန် ၄,၅၀၀ ပမာဏသည် ယခင် နှစ် တရုတ်နိုင်ငံက ၀ယ်လိုအား ကောင်းစဉ်က တစ်ရက်အတွင်း ရောင်းချခဲ့ရသော ပမာဏဖြစ် ကြောင်း ဆန်ကုန်သည်အချို့က ရှင်းပြသည်။
လက်ရှိပြည်တွင်းဆန်ဈေး ကွက်တွင် တရုတ်နိုင်ငံက ၀ယ်လို အားများစွာလျော့ကျနေ၍ မိုးစပါးအသစ်ပေါ်ချိန်၌ ဆန်ကြမ်းဈေးတစ်အိတ် နှစ်ထောင်ကျပ်ခန့်ဈေးကျနေကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းသည် ဆန်လို အပ်သောဒေသဖြစ်သော်လည်း နှစ်စဉ်နယ်စုံမှ ဆန်များ အများဆုံးဝင်ရောက်သည်။
ထို့ကြောင့် လက်ရှိဆန်ဈေး ကျနေချိန်တွင် မြန်မာနိုင်ငံအ တွင်း အခြားသော တိုင်းနှင့် ပြည် နယ်များသို့ ဆန်တင်ပို့ခွင့်များ အချိန်ကြန့်ကြာနေရခြင်းသည် ဆန်ကုန်သည်များအတွက် အခက်အခဲဖြစ်ရကြောင်း သိရသည်။ မိုးစပါးပေါ်ချိန်တွင် တရုတ် နိုင်ငံက ဆန်အ၀ယ်လျှော့ချခဲ့၍ လယ်သမားများသည် စပါးတင်းတစ်ရာလျှင် ကျပ်သုံးသိန်းခွဲခန့်သာရရှိသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment