26.10.16

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဟိုမိန်းမြို့ MPT တာဝါတိုင်၌ အင်တာနာတပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းပြည်(တောင်ပိုင်း) ဟိုမိန်းမြို့နယ်အတွင်း ဒေသခံပြည်သူများ MPT ဖုန်းလိုင်းများသုံးစွဲနိုင်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ကြေးနန်းရုံးဝင်းအတွင်း တည်ဆောက်ထားသည့် ဖုန်းတာဝါတိုင်တွင် TE-Installation အင်တာနာဘူးများ တပ်ဆင်ခြင်းလုပ်ငန်းကို အောက်တိုဘာ ၂၃ ရက်က စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ အင်တာနာတပ်ဆင်ခြင်းလုပ်ငန်းကို E-Trade ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်မျိုးသန့် ဦးဆောင်သည့် အဖွဲ့ဝင်(၅)ဦးမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ဟိုမိန်း မြို့သည် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်ပြီး သံလွင်မြစ်အရှေ့ဘက်ခြမ်း အမြင့်ပေ ၄ဝဝ၄ တွင် တည်ရှိပြီး မြေပြင်အနေအထားအရ မြင့်မားသောတောင်တန်းကြီးများ ဝန်းရံထားခြင်း၊ တောင်းဆင်း တောင်တက်ကြီးမားပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မြို့တစ်မြို့ဖြစ်သည်။
ဟိုမိန်းမြို့တွင် မည်သည့် မိုဘိုင်းဖုန်းလိုင်းမှ မရရှိခြင်းကြောင့် တစ်မြို့လုံးတွင် ပုဂ္ဂလိကပိုင် Skynet/IP-Star ဂြိုလ်တု ဆက်သွယ်ရေးဖုန်း ငါးလုံးဖြင့်သာ တစ်မိနစ်လျှင် ကျပ် ၁၆ဝဖြင့် ဖုန်းဆက်သွယ်ပြောဆိုနေရကြောင်း၊ ယခု MPT ဖုန်းလိုင်းများသုံးစွဲနိုင်ရန် ကျန်ရှိနေသည့်စက်ပစ္စည်းများ လာရောက်တပ်ဆင်ပြီးပါက ဟိုမိန်းမြို့တွင် မြန်မာပြည်အရပ်ရပ်မှ လာရောက်တာဝန်ထမ်းဆောင်နေသော ဌာန
ဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၏ ဖုန်းဆက်သွယ်ရေးအတွက် များစွာအဆင်ပြေ မည်ဖြစ်သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment