26.10.16

ကမ္ဘာပေါ်မှာ အပေးကမ်းအရက်ရောဆုံးနိုင်ငံအဖြစ် မြန်မာသုံးနှစ် ဆက်တိုက် ဆက်လက်ရပ်တည်

ကမ္ဘာပေါ်မှာ စေတနာသဒ္ဒါတရားအထက်သန်ဆုံးနဲ့ ပေးကမ်းရက်ရောမှုအရှိဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံက သုံးနှစ်ဆက်တိုက် ထိပ်ဆုံးမှာရပ်တည်ထားနိုင်တယ်လို့ စစ်တမ်းသစ်တစ်ခုအရ သိရပါတယ်။

Charities Aid Foundation CAF က ထုတ်ပြန်ခဲ့တဲ့ သုတေသန အစီရင်ခံစာတစ်ရပ်အရတော့ ကမ္ဘာ့ရက်ရောမှု အရှိဆုံးနိုင်ငံတွေစာရင်းမှာမြန်မာက ထိပ်ဆုံးမှာ ဆက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ သံဃာတော်တွေကို လှူဒါန်းလေ့ရှိတဲ့ အစဉ်အလာတွေနဲ့အတူ ဒါနစေတနာသဒ္ဒါတရားတွေ ထက်သန်မှုကို ထင်ဟပ်ပြသနေတယ်လို့ ယင်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။

နိုင်ငံပေါင်း ၁၄၀ လောက်က လူပေါင်း ၁၄၈,၀၀၀ လောက်ကို စစ်တမ်းကောက်ယူခဲ့တဲ့ Gallup Data အချက်အလက်တွေအပေါ် အခြေခံထားတဲ့ ယင်းစစ်တမ်းမှာဆိုရင် ပေးကမ်းရက်ရောမှုပိုင်းမှာ အပိုင်းသုံးပိုင်းနဲ့ခွဲခြားရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ ယင်းတို့မှာတော့ အသင်းအဖွဲ့တွေဆီကို အလှူအတန်းပြုလုပ်ပေးတတ်တဲ့သူဦးရေ ရာခိုင်နှုန်း၊ အများအကျိုးအတွက် လုပ်ဆောင်ပေးနေသူ ဦးရေ၊ ပြီးခဲ့တဲ့လက သူစိမ်းတစ်ယောက်ကို ကူညီခဲ့သူဦးရေ စတဲ့အပိုင်းသုံးပိုင်းနဲ့ ခွဲခြားကောက်ယူခဲ့တယ်လို့ သိရပါတယ်။

ယင်းစစ်တမ်းအရတော့ ဥရောပဒေသမှာ ဗြိတိန်နိုင်ငံသားတွေက အရက်ရောဆုံးလူတွေဖြစ်တယ်လို့ သိရပါတယ်။ ယင်းနိုင်ငံက လူဆယ်ဦးအနက် ခုနှစ်ဦးလောက်က ငွေတွေကို ထုတ်လှူတန်းလေ့ရှိပြီး ယင်းနှုန်းဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးနှုန်းထားတစ်ခုလည်း ဖြစ်တယ်လို့ စစ်တမ်းမှာ ဆိုထားပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment