25.10.16

အခုဘဏ္ဍာနှစ် ၆ လတာကျော်လွန်လာသော်လည်း မြန်မာ့ကုန် သွယ်မှုတွေ အကျဘက်မှာပဲဆက်ရှိနေ

အခုဘဏ္ဍာနှစ် ၆ လတာကျော်လွန်လာသော်လည်း မြန်မာ့ကုန်သွယ်မှုတွေ အကျဘက်မှာပဲဆက်ရှိနေဆဲလို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် အောက်တိုဘာလ ဒုတိယအပတ်အထိ နိုင်ငံတကာနဲ့ကုန်သွယ်နိုင်မှုပမာဏက ကန်ဒေါ်လာ ၁၄ ဘီလီယံကျော်သာရှိနေသေးပြီး ကာလတူကုန်သွယ်မှုတွေထက်ကို သန်း ၂၂၀ ကျော်လျော့နည်းနေတာလည်းဖြစ်ပါတယ်။
ယင်းအပေါ်ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးကျော်လွင်ဦးက “ ကုန်သွယ်မှုတက်ဖို့ဆိုရင် ကုန်ထုတ်လုပ်မှုတွေ ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့ ဆက်နွယ်နေတဲ့ လမ်းပန်းဆက်သွယ်ရေးတွေ လုပ်ထုံးလုပ်
နည်းတွေ စတဲ့အခြေခံတွေအားလုံးကိုပါ လိုက်လျောညီထွေဖြစ်အောင် ပြု ပြင်ပြောင်းလဲဖို့လိုပါတယ်၊ အဲလိုမှပဲကုန်သွယ်မှုမြင့်တက်ဖို့မျှော်လင့်လို့ရပါမယ်” လို့ပြောပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နိုင်ငံ့ကုန်သွယ်မှု ၃ ဆမြင့်တက်ဖို့ မျှော်မှန်းထားပေမယ့်လည်း က်တွေ့မှာတော့ အခြေခံ ကျတဲ့ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်သေးတာကြောင့် ကုန်သွယ်မှုတွေက အကျဘက်မှာရှိနေတာပါလို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေကပြောဆိုကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ အစိုးရရဲ့ပထမ ၆ လတာစီးပွားရေးက မြန်ဆန်တဲ့တိုးတက်မှုတွေ မရှိခဲ့တာကိုဝန်ခံခဲ့ပြီး ဒါကိုကျော်လွှားနိုင်ဖို့နဲ့ ရှေရှည်အောင်မြင်တဲ့ စီးပွားရေးမူဝါဒမျှော်မှန်း ချက်တွေချမှတ်လုပ်ဆောင်သွားမယ်လို့ပြောဆိုထားပါတယ်။
ဒါ့အပြင်စီးပွားရေးတိုးတက်စေဖို့ မြန်မာနိုင်ငံကို ကူညီလိုတဲ့အဖွဲ့အစည်းတွေ အလှုရှင်တွေ မိတ်ဖက်တွေနဲ့စုပေါင်းပြီးအလေးပေးလုပ်ဆောင်စ ရာတွေကို ဆွေးနွေးနိုင်တဲ့အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းလုပ်ဆောင်နေတာကို လည်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံစဉ် အသိပေးပြောဆိုထားပါတယ်။
အောက်တိုဘာလလယ်ပိုင်းစာရင်းတွေအရတော့ မြန်မာနိုင်ငံရဲ့ပြည်ပပို့ကုန်တန်ဖိုးက ကန်ဒေါ်လာ ၆ ဘီလီယံ ကျော်မှာရှိနေပြီး သွင်းကုန်တန်
ဖိုးက ကန်ဒေါ်လာ ၇ ဒသမ ၉၇ ဘီလီယံမှာရှိနေတဲ့အတွက် ကုန်သွယ်မှုလိုငွေကတော့ ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံအထက်မှာရှိပါတယ်။

Credit To >>>  SFJ Strategy First Journal 

0 comments:

Post a Comment