25.10.16

ရန်ကုန်ကားဈေးကွက် စလစ်ဈေးများ ကျပ်သိန်း၁၀၀ ၀န်းကျင်ခန့်ဖြင့် တည်ငြိမ်နေသော်လည်း ယခုနှစ်ကုန်ပိုင်း ဆိပ်ကမ်းရှိ ကားများ နံပါတ် တပ်ရမည်ဆိုသောကြောင့် စလစ်ဈေးများ ထပ်မံမြင့်တက်လာဖွယ်ရှိ

အောက် တိုဘာနောက်ဆုံးပတ် ရန်ကုန် ကား ဈေးကွက်အတွင်း စလစ်ဈေးနှုန်းများ ကျပ်သိန်း၁၀၀ ၀န်းကျင် ခန့်ဖြင့်တည် ငြိမ်နေသော်လည်း ယခုနှစ်ကုန်ပိုင်း တွင် ဆိပ်ကမ်းရှိကားများ နံပါတ်တပ် ရမည်ဆိုသောကြောင့် စလစ်ဈေးများ ထပ်မံမြင့်တက်လာ ဖွယ်ရှိကြောင်း ယာဉ်ဝယ်ရောင်းလုပ်ငန်းရှင်အသိုင်း အ၀ိုင်းမှ သိရသည်။
လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း မှယာဉ်ဝယ်ရောင်းလုပ်ကိုင်သူ ဦးငွေ ဇံက " စလစ်ဈေးက ထပ်တက်လာဖို့ ရှိတယ်။ အခု အပ်ကားကိုင်ထားတဲ့ သူတွေကလည်းစောင့်နေကြပြီ၊ ဘာ ဖြစ်လို့လဲဆိုတော့ ၂၀၁၆အကုန်မှာ ဆိပ်ကမ်းကားတွေက နံပါတ်တပ်ရ တော့မယ်။ အဲ့အချိန်ကျရင် လိုအပ် ချက်တွေရှိလာနိုင်တယ် " ဟု အောက် တိုဘာ၂၄ရက်က ပြောသည်။
ရန်ကုန်ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်းများမှာ ကျပ်၁၀၃သိန်း ၀န်းကျင်တွင် တည်ငြိမ်လျက်ရှိပြီး ကားဈေးကွက်မှာလည်း အေးစက် လျက်ရှိကြောင်း ယာဉ်ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။
ဦးငွေဇံက " စလစ်ဈေးကတော့ အရင်တစ်ခါပြန်တက်သွားတဲ့ ကျပ် ၁၀၃ သိန်းဝန်းကျင်မှာပဲ တည်နေ တယ်။ အဲ့တော့ကားဈေးကွက်က လည်း အ၀ယ်မရှိဘူး။ ဒီနေ့ဆိုတစ် ယောက်မှမလာဘူး။ အရောင်းအ၀ယ် ပါးတယ်။ သိန်း၁၀၀ကျော်တန်ကား လေးတွေပဲ နည်းနည်းပါးပါးရောင်း နေရတယ် " ဟု ထပ်မံပြောသည်။
၁၉၉၅ခုနှစ်အောက် ဘတ်စ်ကား များအပ်နှံပါက လူစီးစလစ်ပေးမည့် အစီအစဉ်ကို ပြန်လည်ဆွေးနွေး သွားမည်ဆိုသော သတင်းများကြောင့် ကားစလစ်ဈေးနှုန်းမှာ ကျပ် ၁၀၃ သိန်းဝန်းကျင်ထိ ပြန်လည်မြင့်တက် ခဲ့ပြီး လက်ရှိအချိန်ထိဈေးနှုန်းမှာပြန် လည်ကျဆင်းခြင်းမရှိဘဲ ကားအရောင်း အ၀ယ်မှာလည်း အေးစက်လျက်သာ ရှိကြောင်း ရန်ကုန်မြို့ယာဉ်ရောင်း ၀ယ် ရေးလုပ်ကိုင် သူများထံမှသိရသည်။
ရန်ကုန်မြို့ မြေနီကုန်းယာဉ် ရောင်းဝယ်ရေးစခန်းမှ ယာဉ်ရောင်း
ဝယ်ရေးလုပ်ကိုင်သူ ဦးစိုးက " စလစ် ဈေးကတော့ ကျပ်သိန်း၁၀၀ကျော် မှာ ရှိနေတုန်းပဲ။ ပြန်တော့မကျဘူး၊ ကား အရောင်းအ၀ယ်ကလည်း အေး နေ တယ်။ အဲ့အထဲမှာမှ ရန်ကုန် နာမည်ပေါက်ကားတွေလောက် ပဲ ရောင်းနေရတယ် " ဟု အောက်တို ဘာ ၂၄ရက်က ပြောသည်။
လက်ရှိစလစ်ဈေးနှုန်းမှာ ကျပ် ၁၀၃သိန်းဝန်းကျင်ထိပေါက်နေပြီး ပြန် လည်ကျဆင်းခြင်းမရှိဘဲ ဆက်လက် မြင့်တက်လာဖွယ်သာရှိကြောင်း ရန်ကုန်မြို့ ယာဉ်ရောင်းဝယ်ရေးလုပ် ကိုင်သူများက ဆိုသည်။



Credit To >>> Democracy Today

0 comments:

Post a Comment