25.10.16

တပ်မတော်နှင့် ‘ဝ’ တပ်ဖွဲ့ကြား စစ်ရေးတင်းမာ

မိုင်းလားဒေသအတွင်း ဝင်ရောက်တပ်စွဲထားသည့် ‘ဝ’ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၂၄ ရက် နောက် ဆုံးထား၍ ဆုတ်ခွာပေးရန် တပ်မ တော်က ညွှန်ကြားထားပြီး နှစ် ဖက်အခြေအနေ တင်းမာနေ ကြောင်း သတင်းရရှိသည်။

‘ဝ’ပြည်သွေးစည်းညီညွတ် ရေးပါတီ (UWSP/UWSA)တပ် ဖွဲ့ဝင် တစ်ထောင်ကျော်တို့က ရှမ်း ပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄)အဖြစ် သတ်မှတ်ထားသောမိုင်းလားဒေသအတွင်းရှိ လွယ်ကျူဆိုင်း၊ လွယ်ဆမ်ဆုံနှင့် ဝမ့်နောင်ဟုတ်စခန်းများသို့ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဝင်ရောက်တပ်စွဲထားခြင်း ဖြစ် သည်။ UWSA တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထား၍ ဆုတ်ခွာရန် တြိဂံတိုင်း ဒေသစစ်ဌာနချုပ်က ညွှန်ကြား ထားပြီး ကျိုင်းတုံ-မိုင်းလားကား လမ်းရှိ တာပင်းဂိတ်နှင့် မိုင်းယုဂိတ်များကို ‘ဝ’အဖွဲ့က စတင်ပိတ်လိုက်ပြီးနောက် အစိုးရကပါ ဖြတ်သန်းသွားလာမှု ပိတ်လိုက် ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များက ဆိုသည်။
UWSP/UWSA မှ အမည် မဖော်လိုသည့် တာဝန်ရှိသူတစ်ဦး က တပ်မတော်၏ညွှန်ကြားချက် နှင့်ပတ်သက်၍ ‘‘ကျွန်တော်တို့ ဘက်ကလည်း သတင်းရတယ်။ တပ်မတော်ဘက်က သတင်းပို့လာတာ။ ကျွန်တော်တို့ဘက်ကတော့ လောလောဆယ်တော့ ဘာ မှမသိသေးဘူး။ အကြောင်းကြားစာတော့ သိပြီးပြီ’’ ဟု ပြောသည်။
တြိဂံတိုင်းဒေသ စစ်ဌာနချုပ်နှင့်နီးစပ်သူတစ်ဦးက လုံခြုံရေးအနေအထားအရ မိုင်းလားဒေသနှင့် ဆက်စပ်သည့် လမ်းအချို့ကို ခေတ္တပိတ်ထားခြင်းဖြစ်ပြီး တပ်မ တော်က နယ်မြေလုံခြုံရေးဆောင် ရွက်နေကာ လေကြောင်းမှပါ ကင်းလှည့်နေကြောင်း ပြောကြား သော်လည်း သီးခြားအတည်ပြု ချက်မရရှိပေ။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ မြန်မာ့တပ်မတော် ပြော ခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ရဲဝင်း ထံ ဆက်သွယ်မေးမြန်းရာ ‘‘စစ် ဆင်ရေးကို နည်းနည်းပြန်မေးပါ မယ်၊ Confirm တော့ လုပ်ပေး ပါ့မယ်’’ဟု ဖြေကြားသည်။
UWSP/UWSA ကျိုင်းတုံ ဆက်ဆံရေးရုံးတာဝန်ခံ ဦးအားမီ က တပ်မတော်ဘက်က ‘ဝ’တပ်ဖွဲ့ များအား ဆုတ်ခွာခိုင်းခြင်းနှင့်ပတ် သက်၍ နှစ်ဖက်ညှိနှိုင်းမှုမရှိသေး ကြောင်း ပြောသည်။
‘‘ဆုတ်ခိုင်းတာ၊ ဟိုကလည်း ဒီအတိုင်းပဲ နေနေတယ်။ လက်ရှိ အခြေအနေက ပြောလို့မရဘူး။ ဒီအတိုင်းပဲ ရှိနေတယ်’’ဟု ဦးအား မီက ဆိုသည်။
UWSP/UWSA နှင့် မိုင်းလားအဖွဲ့(NDAA)တို့သည် နီးကပ် သော ဆက်ဆံရေးရှိသည့် မဟာမိတ်အဖွဲ့များဖြစ်သည်။ UWSA တပ်ဖွဲ့ဝင်များ ဝင်ရောက် တပ်စွဲထားသည့် မိုင်းလားဒေသရှိ နယ်မြေ များသည် အစိုးရထိန်းချုပ်နယ်မြေနှင့် ဆက်စပ်ဒေသများလည်းဖြစ်သည်။
 မိုင်းလားအဖွဲ့ (NDAA) ခေါင်းဆောင် ဦးစိုင်းလင်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ ၂၁ ရာစုပင်လုံသို့ ကိုယ်တိုင်တက်ရောက်ခဲ့ပြီး အစိုးရသစ်လက်ထက်တွင် နေပြည်တော်သို့ နှစ်ကြိမ်လာရောက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အကြီးအကဲများနှင့် တွေ့ဆုံထား သည်။ UWSP/UWSA အဖွဲ့ကမူ ၂၁ ရာစုပင်လုံသို့ အောက်ခြေအ ဆင့်သာ ပါဝင်သည့် ကိုယ်စား လှယ်အဖွဲ့ လာရောက်ခဲ့ပြီးနောက် ဝင်ခွင့်ကတ်ကိစ္စ နားလည်မှု လွဲမှားရာမှ အစပြု၍ အစည်းအဝေးပြီးဆုံးအောင် မတက်ရောက်ဘဲ ပြန်သွားခဲ့သည်။
၂၁ ရာစု ပင်လုံညီလာခံ ပထမအစည်းအဝေးအပြီး တစ်လခန့်အကြာတွင် ‘ဝ’အဖွဲ့ (UWSA) က မဟာမိတ်မိုင်းလားအဖွဲ့၏ နယ် မြေအတွင်းရှိ စခန်းအချို့ကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး အဖွဲ့နှစ်ဖွဲ့ကြား ဆက်ဆံရေးတင်းမာနေခြင်း ဖြစ်သည်။
UWSP/UWSA သည် အင် အားသုံးသောင်းခန့်ရှိမည်ဟု ခန့် မှန်းထားပြီး အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ဖြစ်သည်။
၁၉၈၉ က တစ်ကြိမ်၊ ၂၀၁၁ က တစ်ကြိမ် အစိုးရနှင့် အပစ်အ ခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ထားသည့် UWSP/UWSA သည် တစ်နိုင်ငံလုံး အပစ်ရပ်သဘောတူညီချက် (NCA) တွင် ပါဝင်ခြင်း မရှိသေးပေ။
‘‘အဓိက ကတော့ နှစ်ဖက် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ နှစ် ဖက်မဆွေးနွေးဘဲနဲ့ မဖြစ်နိုင်ပါ ဘူး။ တကယ်လို့ မဆွေးနွေးဘူးဆို ရင်တော့ တိုက်ဖို့ပဲရှိတော့တယ်။ အဲဒါကြောင့်မို့လို့ သူတို့နှစ်ဖက် စလုံး အမြန်ဆုံးတွေ့ဖို့ လိုတယ်လို့ထင်ပါတယ်’’ဟု အကဲခတ်လေ့ လာသူ ပြည်ထောင်စု အင်စတီ ကျု့ဒ် ဒါရိုက်တာ ဦးခွန်ဆိုင်းက ပြောသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment