25.10.16

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲပေးရာ၌ တံဆိပ်တုံးထုစနစ်ကိုသာ အသုံးပြုမည်


၂၀၁၇ခုနှစ် ဧပြီလ၁ရက်တွင်ကျင်းပ မည့် ကြားဖြတ်ရွေးကောက်ပွဲတွင်မဲ ပေးရာ၌ တံဆိပ်တုံးထုစနစ်ဖြင့်သာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်ရှင်မှ သိရသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံးတွင် အောက် တိုဘာ၂၄ရက် က ကျင်းပသည့် ပြည် ထောင် စုရွေးကောက် ပွဲကော်မရှင် နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲ တွင် အတည်ပြုလိုက်ခြင်းဖြစ် သည်။

"ရွေးကောက်ပွဲကော်မရှင်အနေ နဲ့ကတော့ ရွေးကောက်ပွဲမှာ တရား မျှတမှု၊ ညင်သာမှု၊ ပွင့်လင်းမြင်သာ မှုရှိအောင် ယုံကြည် မှုရှိအောင်ဆိုတဲ့ လုပ်ငန်းကို လုပ်ဆောင်တာဖြစ်တယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို မဲပေးတဲ့စနစ်မှာ တံဆိပ်တုံး ထုပြီး ကျင်းပသွားမှာဖြစ်တယ်။ တော်တော် များများလည်း ကျင့်သုံးပြီးသားဖြစ် တဲ့အတွက် ဒီဟာကို ဆက်လက်ကျင့် သုံးမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ လည်း အမှားအယွင်းတွေတချို့ တလေ တော့ရှိချင်ရှိမယ်။ ဒါပေမဲ့ အများစု ကတော့ အမှားအယွင်းနည်းပါ တယ်။ အဲဒါကြောင့် တံဆိပ်တုံးထုတာကိုပဲ ဆက်လက်ကျင့်သုံးမှာဖြစ်ပါတယ် " ဟု ပြည်ထောင်စုရွေးကောက်ပွဲကော် ရှင် ဥက္ကဋ္ဌ ဦးလှသိန်းကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၈နေရာတွင် ပြည် သူ့လွှတ်တော် ကိုးနေရာ၊ အမျိုး သားလွှတ်တော် သုံးနေရာ၊ တိုင်းနှင့် ပြည် နယ် ခြောက်နေရာ စုစုပေါင်း၁၈ နေရာ ဟု ကြေညာထားပြီးဖြစ်သည်။

ထိုသို့ ကြေငြာထားသော်လည်း အောက်တိုဘာ၁၂ရက်တွင် ရှမ်းပြည် နယ်၊ တောင်ကြီးခရိုင် ညောင်ရွှေမြို့ နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင် ကွယ်လွန်သွားခြင်းကြောင့် လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာဖြစ်သွားသည်။

မဲစာရင်းမှန်ကန်ဖို့အတွက်ဆို ရင် အိမ်တိုင်ရာရောက်သွားပြီး ဒီမဲ စာရင်းမှာ လက်ရှိစာရင်းမှာရှိတဲ့ အိမ် ထောင်ဦးစီးမှာ ဖြည့် စွက်စရာရှိလား၊ ပယ်ဖျက်စရာရှိလား၊ ကွယ်လွန်သွား ပြီဆိုလည်း ကွယ်လွန်သွားသူရဲ့မဲစာ ရင်းကို အိမ်ထောင်ဦးစီးရဲ့လက်မှတ် နဲ့ မဲစာရင်းမှာ ဖျက်မယ်။ ဒီလူက တော့ကျန်ခဲ့တယ် ဘာဖြစ်နေတယ်ဆို ရင် သူ့ရဲ့အထောက် အထားနဲ့ထည့် သွင်းမှာဖြစ်တယ်။ ဒါကြောင့် ကိုယ် တိုင်ဖြေတဲ့အဖြေကိုပဲ လက်ခံမှာဖြစ် ပါတဲ့အတွက် မဲစာရင်းပိုမိုတိကျမယ် လို့ ယူဆပါတယ်" ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်ဥက္ကဋ္ဌ ဦးလှ သိန်းက ဆက်ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်များဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်ရှင်မှ သိရသည်။


Credit To >>> Democracy Today

0 comments:

Post a Comment