3.11.16

ထိုင်းတောင်ပိုင်း၌ စစ်သွေးကြွတိုက်ခိုက်မှုများကြောင့် လူသုံးဦး သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း၌ စစ်သွေးကြွတိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ သုံးဦး သေဆုံးခဲ့သည်။ ဆောင်ခလာ၊ နာရာသီဝတ်နှင့် ပတ္ထာနီပြည်နယ်များတွင် ဗုံးခွဲတိုက်ခိုက်မှုများ၊ သေနတ်ပစ်ခတ်မှုများ၊ မီးရှို့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂ ရက် ဒေသစံတော်ချိန် ညကိုးနာရီခွဲခန့်၌ ထိုတိုက်ခိုက်မှုများ စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ညလယ်ကျမှ ပြီးဆုံးကြောင်း အာဏာပိုင်များက ပြောသည်။

ဆောင်ခလာပြည်နယ်တွင် ကားပြခန်းတစ်ခုတွင် လုံခြုံရေးအစောင့်နှစ်ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်ကာ စစ်သွေးကြွများက အဆောက်အအုံကို ဗုံးဖောက်ခဲ့သည်။

အခြားဖြစ်ရပ်မှာ ပတ္ထာနီတွင် မော်တော်ဆိုင်ကယ်နှစ်စီးဖြင့် စစ်သွေးကြွလေးဦးက စစ်တပ်စခန်းတစ်ခုကို ပစ်ခတ်သွားခြင်းဖြစ်ရာ စစ်သားတစ်ဦး သေဆုံးသည်။

နိုင်ငံတောင်ပိုင်း၌ လုံခြုံရေးတင်းကြပ်ထားသည်။ အဓိကလမ်းများတွင်လည်း လုံခြုံရေးဂိတ်များ ချထားသည်။ ရဲနှင့် စစ်မှုထမ်းအင်အားများကိုလည်း အထူးသဖြင့် ကျောင်းများ အနီးဝန်းကျင်တွင် တပ်ဖြန့်ချထားသည်။

ဆောင်ရွက်ဆဲငြိမ်းချမ်းရေးဆွေးနွေးပွဲများအရေး ဆွေးနွေးရန် ပတ္ထာနီပြည်နယ်သို့ အစိုးရတာဝန်ရှိအဖွဲ့များ လာရောက်ချိန်တွင် ယခုကဲ့သို့ တောင်ပိုင်း၌ စစ်သွေးကြွတို့၏ တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

ထိုင်းတောင်ပိုင်း ခွဲထွက်ရေးသမားများ၏ အုံကြွတိုက်ခိုက်မှုများကြောင့် ဆယ်စုနှစ်တစ်ခုကျော်တွင် လူထောင်ပေါင်းများစွာသေဆုံးသည်။



Credit To >>> Mizzima Burmese

0 comments:

Post a Comment