4.11.16

ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်ကို မဲ မပေးကြဖို့ အမေရိကန်စီးပွားရေး ပညာရှင်၃၇၀ ကျော် တိုက်တွန်း

အမေရိကန် ရွေးကောက်ပွဲမှာတော့ ရီပတ်ဘလစ်ကန်သမ္မတလောင်းဒေါ်နယ်ထရန့်ကို မဲမပေးကြဖို့အရေး မဲဆန္ဒရှင်တွေကိုစီးပွားရေးပညာရှင် အယောက် ၃၇၀ လောက်ကလက်မှတ်ထိုး တိုက်တွန်းဆော်သြသွားခဲ့တယ်လို့
သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။
ယင်းလက်မှတ်ထိုးတိုက်တွန်းခဲ့တဲ့ ပညာရှင်တွေထဲမှာဆိုရင်နိုဗယ်ဆုရပညာရှင်တစ်ချို့တောင် ပါဝင်နေခဲ့တယ်လို့လည်း သိရပါတယ်။
“ သူ့ရဲ့ ပြောစကားတွေကို ကြည့်ရင် စီးပွားရေးနဲ့ပတ်သက်ပြီးလုံးလုံးလျားလျား လျစ်လျူရှုထားတာကို တွေ့ရမှာ ဖြစ်ပါတယ်၊နောက်ပြီး ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံဥာဏ်တွေကိုလည်းနားထောင်နိုင်စွမ်းရည်သူ့ဆီမှာ ရှိမနေပါဘူး” ဆိုပြီး ယင်းစာထဲမှာထည့်သွင်းပြောကြားထားပါတယ်။
The Wall Street ဂျာနယ်က တင်ပြတာကတော့ ယင်းစာကိုလက်မှတ်ထိုးတောင်းဆိုထားတဲ့ စီးပွားရေးကျွမ်းကျင်
ပညာရှင်တွေအားလုံးနီးပါးလောက်က ကောလိပ်ကျောင်းကပါမောက္ခတွေဖြစ်နေကြတယ်လို့လည်း သိရပါတယ်။
၎င်းစီးပွားရေးကျွမ်းကျင်ပညာရှင်တွေကတော့ ယင်းစာထဲမှာ ဟီလာရီကလင်တန်ကိုမဲပေးရွေးချယ်ကြဖို့ တိုက်ရိုက်ရေးသားထားခြင်းမရှိပေမယ့်လည်း ထရန့်ကိုမဲပေးဖို့ စီစဉ်ထားသူတွေအနေနဲ့ သူမဟုတ်တဲ့ အခြားကိုယ်စားလှယ်ကိုပြောင်းလဲရွေးချယ်မဲပေးဖို့လည်း တိုက်တွန်းထားကြောင်း သိရပါတယ်။
ထရန့်အနေနဲ့ နိုင်ငံစီးပွားရေးအတွက် အဓိကကျတဲ့ ကုန်သွယ်မှု၊ကုန်ထုတ်လုပ်မှု၊လူဝင်မှုကြီးကြပ်ရးနဲ့ပြည်သူ့အဖွဲ့အစည်းစတဲ့အပိုင်းတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံသားတွေကိုလှည့်စားနေခဲ့တယ်လို့လည်းယင်းပညာရှင်တွေရဲ့ ရေးသားချက်ထဲမှာပါဝင်နေခဲ့ပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment