4.11.16

လာမည့် ၁၀ လအတွင်း တောင်ကိုရီးယားတွင် ဒုံးခွင်းဒုံး THAAD စနစ်၌ အသုံးပြုမည့် ဘက်ထရီကို အမေရိကန် တပ်ဖြန့်ချထားမည်

တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ညှိနှိုင်းကွပ်ကဲရေးမှူးက လာမည့် ၈ လမှ ၁၀ လအတွင်း THAAD ဒုံးကျည်ကာကွယ်ရေးစနစ် ဘက်ထရီများကို တပ်ဖြန့်ချထားမည်ဟု ပြောကြားကြောင်း၊ တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ တပ်ဖြန့်ချထားရန်အစီအစဉ်များကို ချမှတ်ပြီးကြောင်း ပြောကြားခဲ့သူမှာ တောင်ကိုရီးယားရှိ အမေရိကန်စစ်တပ်မှ ညှိနှိုင်းကွပ်ကဲရေးမှူး ဗင်းဆင့် ဘရွတ်စ်ဟုဆိုသည်။ ဘရွတ်စ်က ကိုရီးယားကျွန်းဆွယ်တွင် နည်းဗျူဟာမြောက် လက်နက်ချထားခြင်းမှာ မြောက်ကိုရီးယား၏ ရန်စမှုကို တန်ပြန်တိုက်စစ်ဆင်ရန် ဖြစ်ကြောင်း ပြောကြားသည်။ ယခုချထားမည့် ဘက်ထရီသည် ဂူအမ်ကျွန်းတွင်ချထားသည့် ဘက်ထရီထက် ပိုမိုကြီးမားသည်ဟုဆိုသည်။ ဘရွတ်စ်၏ မှတ်ချက်စကားနှင့် ပတ်သက်၍ အဆိုပါ တာဝန်ရှိသူက အတည်မပြုခဲ့သော်လည်း ယင်းကဲ့သို့ နည်းဗျူဟာ မြောက်လက်နက်ချထားမှုအစီအစဉ်နှင့် ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရနှင့် အမေရိကန်တို့ ဆက်လက်ဆွေးနွေးဆဲ ဖြစ်သည်ဟုဆိုသည်။


Credit To >>> Democracy Today

0 comments:

Post a Comment