4.11.16

ပင်လယ်နှင့် ဆက်စပ်ဒေသများ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နေ

နိုင်ငံခြားဝင်ငွေအများ အပြား ရှာဖွေပေးနိုင်မည့် ပင် လယ်နှင့် ဆက်စပ်သည့် ဒေသများ ခရီးသွားလုပ်ငန်း (Marine Touri -sm) ဖွံ့ဖြိုးတိုးတက်လာရေးအ တွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အသင်းအဖွဲ့များက ပူးပေါင်းကာ လုပ်ငန်းစဉ်များ ရေးဆွဲဆောင် ရွက်နေကြောင်း သတင်းရရှိသည်။

အဆိုပါ လုပ်ငန်းစဉ် ဖွံ့ဖြိုး တိုးတက်လာရေးအတွက် အခြေခံ လိုအပ်ချက်များ၊ ဆောင်ရွက်ရန် ကိစ္စရပ်များစသည့် အချက်အလက် များကို အဖြေရှာနိုင်ရန် မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအ သင်း (UMTA)က ဦးဆောင်၍ နို ၀င်ဘာ ၁ ရက်က ငွေဆောင်ကမ်း ခြေ၌ ပထမဆုံးအကြိမ်အလုပ် ရုံ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ သည်။

အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ ရရှိလာသည့် အချက်အလက်များအပေါ်မူတည်ကာ Ma-rine Tourism ဖွံ့ဖြိုးတိုးတက် ရေးဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ ပေါ်ထွက်လာမည် ဖြစ်ပြီး အဆိုပါ အလုပ်ရုံဆွေးနွေး ပွဲများကို ကမ်းခြေဒေသများ၌ ဆက်လက်ပြုလုပ်ရန် စီစဉ်နေကြောင်း အဆိုပါ ကိစ္စရပ်များ ဆောင်ရွက်နေသူ UMTA အလုပ်အမှုဆောင်၊ Marine Tourism အဖွဲ့ ခေါင်းဆောင် ဒေါ်သင်းသင်းအောင်က ပြောကြားသည်။

‘‘လက်ရှိ မြန်မာနိုင်ငံမှာ Culture Tourism (ယဉ်ကျေးမှုကို အခြေခံသောခရီးသွားလုပ်ငန်း) ကိုပဲ ဇောင်းပေးပြီး လုပ်နေတယ်။ နိုင်ငံတကာမှာတော့ အဓိကအား ဖြင့် ဒီ Marine Tourism တွေက အဓိကထားပြီး ၀င်ငွေတွေရှာပေး နေတာပေါ့။ Marine Tourism ကအရမ်းကိုကျယ်ပြန့်တယ်။ Eco Tourism နဲ့လည်း ဆက်စပ်တယ်။ လက်ရှိမှာ မြန်မာနိုင်ငံကို နိုင်ငံခြားဧည့်သည်လာရင် ပုဂံ၊ အင်းလေး၊ မန္တလေး ဒါပဲထပ်နေတယ်။ Marine နဲ့ပတ်သက်လို့ ပြနိုင်တာ လောက်လောက်လားလား မရှိသေးဘူး’’ဟု မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ (၂)ဦးလှအေးက ပြောကြားသည်။

‘‘Marine Tourism က အ ထူးအရေးကြီးပါတယ်။ ထိုင်းက ဒါနဲ့ပဲ ၀င်ငွေတွေအများအပြား ရ ယူနိုင်ခဲ့ပါတယ်။ အခုလည်း မြိတ်၊ ကော့သောင်းဘက်မှာ ထိုင်းကနေ တစ်ဆင့် နိုင်ငံခြားခရီးသွားတွေ ဘုတ်နဲ့တစ်ဆင့် လာနေတာတွေ ရှိပါတယ်။ ဒါတွေကိုလည်း ထိုင်းတွေကပဲ လုပ်နေတဲ့အတွက် သူတို့ပဲ ၀င်ငွေတွေရနေပါတယ်။ ဒါ ကြောင့် ဒီဒေသတွေ ခရီးသွားလုပ် ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ၀န်ကြီးဌာနအနေနဲ့ စီမံချက်တွေ ရေးဆွဲ ဆောင်ရွက်နေတာတွေ ရှိပါတယ်’’

ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား လာရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ဆိုသည်။

လက်ရှိတွင် Marine To-urism ဖွံ့ဖြိုးတိုးတက်ရေး အ တွက် တနင်္သာရီတိုင်းဒေသရှိ မြိတ်ကျွန်းစုများကို ရည်ရွယ်ကာ စီ စဉ်နေပြီး လက်တွေ့အကောင်အ စဉ်ဖော်နိုင်ရေး ဆောင်ရွက်နေ ကြောင်း ဦးတင့်သွင်က ဆိုသည်။

UMTA က ဦးဆောင်ပြုလုပ် သည့် အဆိုပါ အလုပ်ရုံဆွေးနွေး ပွဲကို ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေရှိ Aureum Palace Hotel တွင် နိုဝင်ဘာ ၁ ရက်က ကျင်းပခဲ့ကာ ဒေသဆိုင်ရာ အာဏာပိုင်များ၊ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့်ဒေသခံများ တက်ရောက်ဆွေးနွေးကြပြီး Marine Tourism နှင့် သက်ဆိုင်သည့် အချက်များကို သက်ဆိုင်ရာပညာရှင်များက ဆွေးနွေးဟောပြောခဲ့သည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment