2.12.16

ဂျပန်နိုင်ငံ၏ အာကာသခရီးသွားလုပ်ငန်းအတွက် ကုမ္ပဏီနှစ်ခု ရင်းနှီးမြှုပ်နှံမည်

ဂျပန်လေကြောင်း ANA ဦးပိုင်နှင့် ခရီးသွားအေဂျင်စီတစ်ခုဖြစ်သည့် HIS တို့သည် အာကာသခရီးသွားလုပ်ငန်း တစ်ခုအတွက် ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။
အဆိုပါကုမ္ပဏီနှစ်ခုတို့သည် အမေရိကန်ဒေါ်လာ လေးသိန်း လေးသောင်းခန့် ရင်းနှီးကာ ခရီးသည်ပို့ဆောင် ရေး အာကာသယာဉ်တစ်စင်း တည်ဆောက်ရန် PD အာကာသယာဉ်တည်ဆောက်ရေးကုမ္ပဏီသို့ အကူအညီ တောင်းခံမည်ဖြစ်သည်။
၂ဝ၂၃ ခုနှစ်မှစပြီး အာကာသသို့ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းစတင်လည်ပတ်နိုင်မည် ဖြစ်သည်ဟု ၄င်းကုမ္ပဏီနှစ်ခုက မျှော်လင့်ကြောင်း ဆိုသည်။
အာကာသသို့ ခရီးသွားမည့် ခရီးသည်တစ်ဦးသည် အမေရိကန် ဒေါ်လာ ၁၂ဝဝဝဝ ဝန်းကျင်ကုန်ကျမည်ဖြစ်သည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment