2.12.16

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းရန်ကုန်-ကိုးလ်ကတ္တား-ရန်ကုန် ခရီးစဉ်သစ် စတင်ပြေးဆွဲ


ပွင့်လင်းရာသီသို့ ရောက်လာပြီ ဖြစ်သောကြောင့် ခရီးသွားရာသီနှင့် အတူ ကမ္ဘာလှည့်ခရီးသွားများဝင်၊ ထွက်သွားလာမှု များပြားသော ကာလဖြစ်သည်။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့် ခရီးသည်များ၊ မြန်မာနိုင်ငံမှ သွားရောက်လည်ပတ်မည့် ခရီးသွား များအတွက် ပြည်တွင်းလေကြောင်း လိုင်းများမှာလည်း ခရီးစဉ်များ တိုးချဲ့ ပြေးဆွဲလျက်ရှိသည်။
ကမ္ဘောဇအုပ်စုပိုင် မြန်မာပြည်၏တစ်ခုတည်းသော Safety (IOSA) လက်မှတ်ရ ခရီးသည်များအတွက် စိတ်အချရဆုံး လေကြောင်းလိုင်းဖြစ်သော အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် ရန်ကုန်-ကိုးလ်ကတ္တား- ရန်ကုန် ခရီးစဉ်သစ်ကို ဒီဇင်ဘာ ၁ ရက်မှစ၍ စတင်ပျံသန်းပြေးဆွဲလျက် ရှိသည်။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ခရီးစဉ်သစ် အထူးအစီအစဉ်အဖြစ် ရန်ကုန်-ကိုးလ်ကတ္တား-ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ်ကို အမေရိကန်ဒေါ်လာ ၃ဝ၅ ဖြင့် ရောင်းချပေးလျက် ရှိပြီး တစ်ပတ်လျှင် နှစ်ကြိမ် (ကြာသပတေး၊ တနင်္ဂနွေနေ့)များတွင် ပျံသန်း ပြေးဆွဲမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ရန်ကုန်မြို့မှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုးနှင့် ဂယာမြို့များသို့ Airbus A320 (လူဦးရေ ၁၈ဝ ဆံ့)၊ Airbus A 319 (လူဦးရေ ၁၂ဝ ဆံ့) လေယာဉ် များဖြင့် ပုံမှန်ပျံသန်းပေးလျက်ရှိပြီး (Charter Flight) စင်းလုံးငှား ခရီးစဉ် များကိုလည်း သွားလိုသည့် ပြည်ပနိုင်ငံများအတွက် အလျင်မြန်ဆုံးနှင့် အလွယ် ကူဆုံး အချိန်မရွေး ဆက်သွယ်ငှားရမ်းနိုင်ကြောင်း သိရသည်။ အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ၁၉၉၃ ခုနှစ်မှစ၍ ပြည်ပခရီးစဉ် များ ပျံသန်းပေးလျက်ရှိပြီး ရာခိုင်နှုန်းပြည့် လုံခြုံစိတ်ချရသော လေကြောင်းလိုင်း အဖြစ် ရပ်တည်နေကြောင်း သိရသည်။ 
Credit To >>> The Mirror Daily

0 comments:

Post a Comment