20.2.17

ကမ္ဘာ့ ခရီးသွားလုပ်ငန်းကို ထောက်ကူစေနိုင်ဖို့ အာရှဒေသက ခရီးသွားတွေကို ပိုမို ဖိတ်ခေါ်နိုင်ဖို့ စီစဉ်

Image may contain: 1 person
ယခုနောက်ပိုင်းမှာ အကြမ်းဖက်မှုဝါဒကြောင့် ပုံရိပ်ထိခိုက်မှုတွေရှိနေတဲ့ ကမ္ဘာ့ ခရီးသွားလုပ်ငန်းကို ပြန်လည်ထောက်ကူပေးနိုင်ဖို့အတွက် အာရှဒေသနိုငငံတွေ ခရီးသွားတွေဘက်ကို ပိုမို အာရုံစိုက်သွားဖို့ ကမ္ဘာတစ်ဝန်းက ခရီးသွားလုပ်ငန်းရှင်တွေ စီစဉ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ခရီးသွားလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ကမ္ဘာ့ခရီးသွားလုပ်ငန်းတစ်ခုလုံးအတွက်တော့ အာရှဒေသကခရီးသွားတွေကို ပိုမို ဖိတ်ခေါ်ဆွဲဆောင်နိုင်မယ့် နည်းလမ်းတွေနဲ့ပတ်သက်လို့ ခုကစပြီး ဆွေးနွေးနေပါတယ်” လို့ ကမ္ဘာ့ ခရီးသွားဖိုရမ် ဘုတ်အဖွဲ့ရဲ့ ဥက္ကဌ Bulut Bagci က ပြောသွားပါတယ်။

ခရီးသွားလုပ်ငန်းကြီးတစ်ခုလုံး ယခုထက် တိုးတက်ဖို့အတွက်တော့ အာရှ-ပစိဖိတ်ဒေသ အထူးသဖြင့် တရုတ်နဲ့ ဂျပန် တို့ဆီကိုပဲ ပြောင်းလဲအာရုံစိုက်နေပြီဖြစ်တယ်လို့ ၎င်းက ထုတ်ဖော်ပြောကြားသွားပါတယ်။

တရုတ်တို့ဟာဆိုရင်လည်း ပြီးခဲ့တဲ့ လေးနှစ်ဆက်တိုက် အကြီး ဆုံးသော ခရီးသွားရင်းမြစ်တစ်ခုအဖြစ် ရှိခဲ့ပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းတစ်ခုလုံးရဲ့ ၀င်ငွေ ရရှိမှုပိုင်းကို ၁၃ ရာခိုင်နှုန်းကျော် ထည့်ဝင်ပေးနိုင်ခဲ့တယ်လို့လည်း ကိန်းဂဏာန်းတွေအရ သိရပါတယ်။

လာမယ့် ငါးနှစ်အတွင်းမှာလည်း တရုတ်ခရီးသွားသန်း ၆၀၀ ခရီးသွားလာမှုတွေ ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ကမ္ဘာ့ခရီးသွားအဖွဲ့ကြီးရဲ့ ခန့်မှန်းချက်အရတော့ နိုင်ငံရပ်ခြားကို ထွက်ပြီး ခရီးသွားနေတဲ့ ဦးရေအရေအတွက်ဟာ လက်ရှိ ၁ ဒသမ ၂ ဘီလီယံ ရှိပြီး ၂၀၃၀ အရောက်မှာ ၁ ဒသမ ၈ ဘီလီယံထိ တိုးပွားလာမယ်လို့ ခန့်မှန်းထားပါတယ်။



Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment