20.2.17

ယခုဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော်မည်ဟု OBG ခန့်မှန်း

ယခုဘဏ္ဍာနှစ် ၂၀၁၆-၁၇ ကုန်လျှင် ပြည်ပပို့ကုန် အ မေရိကန်ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံရှိလာမည်ဟု မျှော်မှန်း ထားကြောင်း Oxford Business Group(OBG) က ၂၀၁၇ မြန်မာ နိုင်ငံဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။

OBG အမှုဆောင် အရာရှိ Andrew Jeffreys က လက်ရှိ နိုင်ငံတွင်း ဖွံ့ဖြိုးလာမှုနှင့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များကြောင့် မြန်မာ့စီးပွားရေးတိုးတက်လာမှု က အဆင့်မြင့်တက်လာမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံသူများသည် အကျိုးအမြတ်များ ရှိနေသည့် ဈေးကွက်အလားအ လာများရှိနေပြီး ဒီမိုကရေစီနည်း လမ်းအရ ဈေးကွက်ပြန်လည် တည်ဆောက်မှုကို အသိအမှတ် ပြုရမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။ ထိုသို့ မြင့်တက်ရန် လွတ် လပ်စွာ ကုန်သွယ်ခွင့်သဘောတူ ညီချက်အသစ်နှင့် မြန်မာနိုင်ငံ၏ ပို့ကုန်တိုးမြှင့်ရေး ငါးနှစ် စီမံကိန်း ကို OBG က ထောက်ပံ့ကူညီနိုင် မည့် OBG ၏အာရှဆိုင်ရာ မန် နေဂျင်းအယ်ဒီတာ Paulius Ku-ncinas က ပြောသည်။

OBG သည် အာရှ၊ အရှေ့ အလယ်ပိုင်း၊ အာဖရိက၊ လက် တင်အမေရိကနှင့် ကာရစ်ဘီယံဒေသများတွင် ဈေးကွက်ဆိုင်ရာ စီးပွားရေး သတင်းအချက်အ လက်များ ဖြန့်ချိပေးနေသော သုတေသနနှင့် အတိုင်ပင်ခံဌာန ဖြစ် သည်။ ယခုထုတ်ပြန်သော အစီ ရင်ခံစာတွင် တစ်နှစ်နီးပါး သုတေ သနပြုလုပ်ချက်များပါဝင်သည် ဟု OBG က ဆိုသည်။

ယခုအစီရင်ခံစာအတွက် စီ မံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦး ကျော်ဝင်း၊ NLD စီးပွားရေးအကြံ ပေးမစ္စတာ Sean Turnell, UK အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဌာနအကြီးအကဲ၊ အာဆီယံအ တွင်းရေးမှူး၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း ဒါ ရိုက်တာ စသူတို့နှင့် တွေ့ဆုံထား သည်ဟုဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ပို့ကုန် ပမာဏသည် အစိုးရသစ်တာဝန် ယူပြီး ဆယ်လကျော်အတွင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ ခန့်ရှိခဲ့သည်။

သို့သော် ဆယ်လကျော်အ တွင်း သွင်းကုန်တန်ဖိုးသည် ၁၃ ဒသမ ၅ ဘီလီယံကျော်နေပြီး ကုန်သွယ်မှုလိုငွေ လေးဘီလီယံ ခန့်ရှိသည်။

Credit To >> > 7 Day Daily




0 comments:

Post a Comment