9.2.17

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများက ရန်ပြုရန် ၀ိုင်းရံလာသဖြင့် တပ်မတော်ရေယာဉ်က တားဆီးပစ်ခတ်ခဲ့ရကြောင်း သတင်းထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်ငါးဖမ်း စက်လှေကို နယ်ခြားစောင့်ရဲတပ် ဖွဲ့က ပစ်ခတ်သဖြင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရသည့် ဖြစ်စဉ်တွင် ငါးဖမ်းလှေများက တပ်မတော် ရေယာဉ်ကို အကြမ်းဖက်ရန်ပြုရန် ၀န်းရံလာသဖြင့် ပစ်ခတ်တားဆီး ခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။


ဖေဖော်ဝါရီ ၆ ရက်က နတ် မြစ်အတွင်း ဘင်္ဂလားဒေ့ရှ်ငါးဖမ်း စက်လှေကို မြန်မာတပ်ဖွဲ့ဝင်များ က ပစ်ခတ်မှုကြောင့်တစ်ဦးသေ ဆုံးကာ နှစ်ဦးဒဏ်ရာရရှိသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ ယင်းဖြစ် စဉ်သည် တပ်မတော်လှည့်ကင်း ရေယာဉ်က မောင်တောမြို့နယ် ကညင်ချောင်းနှင့်ညောင်ချောင်း အကြားတွင် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေရှစ်စီးကိုတွေ့ရှိပြီး ငါးစီးသည် မြန်မာနိုင်ငံပိုင်နက် အတွင်း ၀င်ရောက်ငါးဖမ်းနေသဖြင့် စစ်ဆေးရန် ကြိုးစားရာမှ ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။
အဆိုပါငါးဖမ်းစက်လှေများ ထဲမှ ပိုင်နက်နှင့်အနီးဆုံးစက်လှေ ကို စစ်ဆေးရန် သွားရောက်စဉ် အခြား စက်လှေများက အန္တရာယ်ပြုရန် ၀န်းရံလာသဖြင့် စစ်သားများ၏ အသက်အန္တရာယ်နှင့် လုံခြုံရေး အခြေအနေကြောင့် လက်နက်ငယ်ဖြင့် နှစ်ချက်ပစ်ရာ စက်လှေများသည် တစ်ဖက်နိုင်ငံ ရေ ပိုင်နက်ထဲသို့ ပြန်လည်ထွက်ပြေးသွားကြောင်း ဖော်ပြထားသည်။
ပစ်ခတ်မှုကြောင့် တစ်ဦး သေ၊ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် က အကြောင်းကြားလာကြောင်း သတင်းများတွင် ဖော်ပြထား သည်။ ယင်းဖြစ်စဉ်ကို အဖြစ်မှန် ပေါ်ပေါက်စေရန် စုံစမ်းစစ်ဆေး လျက်ရှိကြောင်း နိုင်ငံပိုင်သတင်း စာများတွင် ရေးသားထားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment