11.7.13

ရုရှားနိုင်ငံ၏ မဟာ ဗျူဟာမြောက် ကာကွယ်ရေး စွမ်းရည်ကို တိုးမြှင့် သွားမည်

ရုရှားနိုင်ငံသည် ၎င်း၏ အာကာသဆိုင် ရာ လေကြောင်းတပ်ဖွဲ့နှင့် နျူ ကလီးယား ကာ ကွယ် ဟန့်တားရေး ဆိုင်ရာ မဟာဗျူဟာမြောက် တပ်ဖွဲ့များ၏ စွမ်းရည်ကို တိုးမြှင့် ဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ရုရှား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗလာရီဂီရာ ဆီမော့ဗ်က ဇူလိုင် ၉ ရက်တွင် ပြောကြားခဲ့သည်။


ရုရှားနိုင်ငံ အနေဖြင့် သတင်းရယူမှုနှင့် အလျင်အမြန် တိုက်ခိုက်မှုများ ကို ခေတ်မီအောင် တိုးမြှင့် ဆောင်ရွက်ထားခြင်းဖြင့် အာကာသဆိုင် ရာ လေကြောင်း ကာကွယ်ရေး စွမ်းရည်ကို တိုးမြှင့် ဆောင်ရွက် သွား မည် ဖြစ်ကြောင်း၊ ထိုသို့ အာကာသဆိုင်ရာ လေကြောင်း ကာကွယ်ရေး စွမ်းရည်ကို တိုးမြှင့် ဆောင်ရွက်ထားခြင်းသည် မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံး ပျံများနှင့် တာဝေးပစ် ခရုဇ်ဒုံးကျည်များဖြင့် ပစ်လွှတ် တိုက်ခိုက် မှုအတွက် ကြိုတင် သတိပေးမှုများ လုပ်ဆောင်နိုင်ရေးကို အာမခံ ချက် ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနသည် နယ်စပ် တစ်လျှောက်တွင် ကြိုတင် သတိပေး ရေဒါစနစ်များ အပြင် S-400 နှင့် S-500 လေကြောင်းရန် ကာ ကွယ်ရေး စနစ် နှင့် ဒုံးခွင်းဒုံးစနစ်များကို ဖြန့်ကြက်ချထားရန် လုပ်ဆောင် လျက် ရှိကြောင်း သိရသည်။

ထို့အပြင် ၎င်း၏ မဟာဗျူဟာမြောက် ဗုံးကြဲ လေယာဉ်များကို အဆင့်မြှင့် တင်မှုများ ပြုလုပ်လျက် ရှိကြောင်းနှင့် ၂ဝ၁၄ ခုနှစ်တွင် တာဝေးသုံး ခေတ် မီ လေကြောင်းသွား စနစ်တစ်ရပ် စတင်တည်ဆောက် သွားရန်လည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment