11.7.13

ဂျေဇီးနှင့် ဘီယွန်းစ်စုံတွဲ နောက်ထပ် ကလေးယူရန် အစီအစဉ်ရှိ

ဂျေးဇီးက မိမိနှင့် ဇနီးဖြစ်သူ ဘီယွန်းစ်တို့သည် နောက်ထပ် ကလေးများ ထပ်ယူရန် အစီအစဉ် ရှိနေကြောင်း ဝန်ခံ ပြောကြား သွားသည်။ ကမ္ဘာကျော် Rapဂီတ အဆိုတော်က မိမိတို့ လင်မယားသည် ဘက်စကက်ဘော တစ်သင်းစာမျှ ကလေးများ ရယူ လိုကြောင်း နောက်ပြောင် ပြောဆိုခဲ့ သည်။ ဂျေးဇီးနှင့် ဘီယွန်းစ်တို့ တွင် (၁၈)လအရွယ် သမီးငယ်လေး ဘလူးအိုင်ဗီ ရှိသည်။ ၎င်းက နောက်ထပ်လည်း သားသမီးများ ထပ်ယူမည် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။


Hot 97 ရေဒီယိုက ဂျေးဇီးအား ကလေး ထပ်ယူမယူ မေးမြန်းရာ ၎င်းက "သေချာပေါက် ထပ်ယူမှာပါ။ နောက်ထပ် ကလေးထပ်ရချင်ပါတယ်"ဟု ဖြေ ဆိုခဲ့သည်။ ဆက်လက်၍ ဂျေးဇီးက "ဘုရားသခင် အလိုတော် ရှိသလောက်ပေါ့လေ။

ကျွန်တော်ကတော့ အိမ်မှာ ဘက်စကက်ဘော တစ်သင်းစာ ကလေးလေးတွေ ရှိစေချင်တယ်။ ဒီအတွက်လည်း အလေးအနက်
အစီအစဉ် ရှိပါတယ်။ အဲဒီလို မိသားစုမျိုးနဲ့ရင် ကမ္ဘာကြီးက ပိုပြီး နေပျော်စရာ ဖြစ်လာမှာပါ"ဟုလည်း ပြောကြားသွားသည်။

ဂျေးဇီးက မိမိနှင့် ဘီယွန်းစ်တို့သည် ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်များတွင် သမီးငယ်လေးကို ခေါ်သွားရန် ဆန္ဒရှိခြင်းကြောင့် အခက်ကြုံရတတ်ကြောင်းလည်း ဝန်ခံခဲ့သည်။ ဂျေးဇီးက "ဘီယွန်းစ်က တကယ်ခရီးထွက်နိုင်တယ်။ သူ့ပတ်စ်ပို့တ်ကို ကြည့်ရင် ရူးသွားလိုက်တယ်။ ခရီးသွားဖို့လည်း မမောနိုင် မပန်းနိုင် တက်ကြွတတ်ပါတယ်"ဟု မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

0 comments:

Post a Comment