လန်ဒန်မြို့ မှာ ပြသခဲ့တဲ့ ဒတ်ခ်ျကုမ္ပဏီ Vencer ထုတ် စူပါကား ဖြစ်ပါတယ်။
အမေရိကန် General Motors ထုတ် Chevrolet က အင်ဂျင်ကို ပဲ ပြန်သုံး တာပါ။
ဆလင်ဒါ ၈ လုံးပူး V အင်ဂျင်ကို အသုံးြး ပုပြီး မြင်းကောင်ရေအား ၅၁၀ bhp
ထုတ် လုပ်နိုင်ပါတယ်။ ဒီတော့ အမြန်ဆုံး top speed က တစ်နာရီ ၂၀၂ မိုင်ပါ။
အမြန်ပြေး ပြိုင်ကားများ စာရင်းမှာ ပါဝင်ပါတယ်။
အလေးချိန်အားဖြင့် ၃၀၆၄ ပေါင်ရှိပြီး လူ ၂ ယောက်စီးကားပါ။ ဂီယာ ၆ ချက်ထိုး အော်တိုနဲ့ ရိုးရိုး နှစ်မျိုးထုတ်ထားပါတယ်။ ကာဘွန်ဖိုက်ဘာ ဘော်ဒီ နဲ့ အလူမီယံရောစပ် ကားပစ္စည်းအစိတ်အပိုင်းများ ဖြစ်ပါတယ်။ ဒီတော့ ပေါ့ ပါးပြီး သန်မာတဲ့ကားပါတဲ့။ ထုတ်လုပ်တဲ့ ကုမ္ပဏီကတော့ အကောင်း ဆုံးတွေပြောထားပါတယ်။ အီတလီက Ferrari တို့လို နာမည်ကြီး ကားတွေကို ယှဉ်ပြိုင်ရမှာမို့ပါ။ ဈေးနှုန်းမကြေညာရသေးပါဘူး။
Ref: autoblog
ရိုးရာလေး Automobile
0 comments:
Post a Comment