11.7.13

မြန်မာ့ စိန်တစ်လုံး သရက်သီး တစ်တန် အမေရိကန် ဒေါ်လာ ၁၂ဝဝ ဝန်းကျင်အထိ ဈေးကောင်း ပေးလာ


နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက် နိုင်ရန် အလားအလာ ကောင်းများ ရရှိနေသည့် မြန်မာ့ သရက်သီးစိုက်ပျိုး ထုတ်လုပ်မှုကို ပြည် ပ နိုင်ငံ များက လေ့လာမှုနှင့် စိတ်ဝင်စား မှု မြင့်တက်ေ နပြီး မြန်မာ့ စိန်တစ်လုံး သရက်သီးကို တစ်တန် လျှင် အမေရိကန် ဒေါ်လာ ၁၂ဝဝ အထိ ဈေးကော င်း ရလာကြောင်း မန္တလေးတိုင်း ဒေသကြီး သရက်သီး လုပ်ငန်းရှင်များ အဖွဲ့မှ သိရသည်။

မြန်မာ့ သရက်သီး ဈေးကွက်သည် ၂ဝ၁ဝ ပြည့်နှစ်မှ စတင်ကာ စင်ကာပူ နိုင်ငံသို့ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ပြီး ယခုနှစ်တွင် တန်ချိန် ၁ဝဝ ဝန်းကျင် အထိ ရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။

နာမည်ကျော် မြန်မာ့ စိန်တစ်လုံး သရက်သီးကို စင်ကာပူ နိုင်ငံ ကဲ့သို့ပင် တရုတ် နိုင်ငံကလည်း ဈေးကောင်းပေး ဝယ်ယူခဲ့ပြီး တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၂ဝဝ ဝန်းကျင်ဖြင့် သရက်သီး သမိုင်း တစ်လျှောက် ဈေးနှုန်း အမြင့်ဆုံး မှတ်တမ်းဝင် သွားခဲ့ပြီ ဖြစ်သည်။

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ကွမ်ကျိုးမြို့၊ ရှန်ဟဲမြို့နှင့် ပီကင်းမြို့တို့မှ တရုတ် သရက်သီး ကုန်သည်များက မြန်မာနိုင်ငံ ရှမ်းပြည်နယ်(တောင်ပိုင်း) မှ ထွက်သည့် စိန်တစ် လုံး သရက်သီး များကို ဈေးကောင်း ပေးခဲ့ခြင်း ဖြစ် သည်။ သတ်မှတ် သရက်သီး အရွယ်အစားမှာ တစ်လုံးလျှင် ၃၅ဝ ကီလိုဂရမ် ရှိရမည်ဖြစ်ပြီး အိတ်စွပ်ထား ရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ သရက်သီး စိုက်ပျိုး ထုတ်လုပ်သည့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ သရက်ခြံ များသို့ ဂျပန်၊ တောင်ကိုရီးယား နှင့် ဗြိတိန် အပါအဝင် နိုင်ငံတကာမှ သရက်သီး လုပ်ငန်းရှင် များက မြန်မာ နိုင်ငံ သရက်သီး ထုတ်လုပ်မှုနှင့် ဈေးကွက် အနေအထားကို လေ့လာမှုများ ရှိ ခဲ့ကြောင်း သိရပြီး မန္တလေးတိုင်း ဒေသကြီးတွင် သရက်သီးစိုက် ဧက နှစ်သောင်း ကျော်ခန့် ရှိပြီး စိန်တစ်လုံး သရက်သီး အကောင်းဆုံး ထွက်ရှိသည့် ဒေသများမှာ မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ ဝန်းကျင်ဖြစ်သည့် ပလိပ်၊ ကျောက် ဆည်၊ တံတားဦး၊ ပုသိမ်ကြီး၊ မြစ်ငယ်၊ စဥ့်ကိုင်၊ အုန်းချောနှင့် ဟန်မြင့်မိုရ် စသည့်နယ်များ ဖြစ်ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment