22.7.13

အင်အားပြင်းငလျင်ကြောင့် တရုတ်နိုင်ငံအနောက်ပိုင်းတွင် သေဆုံးသူအနည်းဆုံး ၄၇ ဦးရှိ

တနင်္လာနေ့က တရုတ်နိုင်ငံ အနောက်ပိုင်း ဂန်ဇူးနယ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်နှစ်ခုကြောင့် သေဆုံးသူ အနည်းဆုံး ၄၇ ဦးရှိပြီး လူပေါင်း ၃၀၀လခန့် ဒဏ်ရာရရှိကာ အိမ်များစွာလည်း ပျက်စီးသွားကြောင်း ဒေသန္တရ အစိုးရက ပြောကြားသည်။

“အိမ်ခြေ နှစ်သောင်း တစ်ထောင်လောက် အကြီးအကျယ် ပျက်စီးသွားတယ်။ ထောင့်နှစ်ရာကျော်လောက်က လုံးဝပျက်သွားတယ်”ဟု ရစ်ခ်ျတာစကေား ၅.၉ အဆင့်ရှိ ငလျင်တစ်ခုနှင့် ၅.၆ အဆင့်ရှိ ငလျင်တစ်ခု ရိုက်ခတ်ခဲ့သည့် ဂန်ဇူးနယ်မှ ငလျင်ဗြူရိုမှ အရာရှိတစ်ဦးက ပြောကြားသည်။

၎င်းအရာရှိက လူ ၂၉၆ ဦးသည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး နောက်ဆက်တွဲငလျင်ငယ် ၃၇၁ ခုခန့်ရှိကြောင်း ပြောကြားသည်။

အမေရိကန် ဘူမိဗေဒဆိုင်ရာ ဆာဗေးအေဂျင်စီက ၅.၉ အဆင့်ရှိ ငလျင်တစ်ခုသည် အစောပိုင်းတွင် လှုပ်ခတ်ခဲ့ပြီး ငလျင်ဗဟိုသည် ဂန်ဇူးနယ်ရှိ ဘေဒေါင်အနောက်ဘက် ၉၄မိုင်အကွာတွင် ဖြစ်ကြောင်း ဒုတိယ တစ်ခုဖြစ်သည့် ၅.၆ အဆင့်ရှိငလျင်သည် ၎င်းနယ်တွင်ပင် မကြာမီ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

မင်းနယ် ကွန်မြူနစ်ပါတီမှ အရာရှိတစ်ဦးက ဒေသတွင်း ငလျင်ခံမြို့နယ် ၇ ခုတွင် ဒဏ်ရာ ရရှိသူ ၂၀၀ကျော်ကြောင်း ပြောကြားသည်။

ဂန်ဇူးသည် တရုတ်နိုင်ငံတွင်း လူနေကျဲသည့် ဒေသများထဲမှ တစ်ခုဖြစ်ပြီး အဆိုးဝါးဆုံး ထိခိုက်ခံရသည့် အနေရာများမှ တစ်ခုဖြစ်သည့် ဒင်ဇီမြို့တော်တွင်လူဦး ၂.၇ သန်းရှိသည်။

အင်တာနက် သတင်းများအရ အထူးကယ်ဆယ်ရေး လုပ်သား ၁၂၀အပါအဝင် တပ်သား ၅၀၀သည် ငလျင်ဒဏ်ခံ ဒေသသို့ သွားရောက်နေကြောင်း သိရပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားမှ လွှင့်ထုတ်သည့်ပုံများတွင် ပြိုကျနေသော အပျက်အစီးများနှင့် လမ်းများရှိသော ကျေးလက်တောရွာများကို တွေ့ရသည်။

အိမ်ပေါင်း ၃၈၀ ပျက်စီးသွားပြီး ထောင်ပေါင်းများစွာ ပြိုပျက်ခဲ့ရကြောင်း ဇျန် နယ် အုပ်ချုပ်ရေးပိုင်းက ထုတ်ပြန်သည်။

ငလျင်ဒဏ်ကို နယ်မြို့တော် လန်ကျိုးနှင့် ၎င်းနယ်အနီးမှ နယ်ဖြစ်သည့် ရှန်းဇီနယ်မှ ဇီယန်တို့တွင်လည်း ခံစားရကြောင်း ရှင်ဟွာ သတင်းဋ္ဌာနတွင် ဖော်ပြသည်။

ဘဂျင်းအစိုးရပိုင် တရုတ်ငလျင်ကွန်ယက် စင်တာက လှုပ်ခတ်ခဲ့သည့် ငလျင်သည် ရစ်ခ်ျတာစကေး ၆.၆ အဆင့်ရှိကြောင်း ရှင်ဟွာ သတင်းတွင် ဖော်ပြခဲ့သည်။

ဘေးဒုက္ခသက်သာရေး အေဂျင်စီများသည် ရွက်ဖျင်တဲ ၅၀၀ နှင့် အိပ်ရာ ၂၀၀၀ ခန့်ကို ငလျင်ဒဏ်ခံ ဒေသများသို့ ပို့ဆောင်ထားကြောင်း ရှင်ဟွာ သတင်းတွင် ပါရှိသည်။

တရုတ်နိုင်ငံ အနောက်ပိုင်းသည် ငလျင်ဒဏ် အများအားဖြင့် ခံရသော ဒေသများရှိပြီး ယခုနှစ် အစောပိုင်းတွင်လည်း လွန်ခဲ့သည့် ငါးနှစ်က လူကိုးသောင်းခန့် သေဆုံးခဲ့ရသည့် စီချွန်းနယ်တွင် ၆.၆ အဆင့်ရှိငလျင်တစ်ခု လှုပ်ခဲ့ပြီး လူ ၂၀၀ ကျော်သေဆုံးခဲ့သည်။

မြန်မာ့ခေတ်

0 comments:

Post a Comment