22.7.13

အင်းလျားကန်ပေါ်တွင် မူးယစ်သောက်စားမှုများကြောင့် အပန်းဖြေအနားယူသူများကို အနှောင့်အယှက်ဖြစ်စေသည့်အပြင် ကန်ဘောင်ကြံ့ခိုင်မှုကိုပါ ထိခိုက်လာ

အင်းလျား ကန် ပေါင်ပေါ်တွင် အရက်သေစာ သောက်စားမှုများကြောင့် အပန်း ဖြေအနားယူသူများကို အနှောင့် အယှက်ဖြစ်စေသည့်အပြင် အင်း လျားကန်ပေါင်၏ ကြံ့ခိုင်မှုကိုပါ ထိခိုက် လာ စေနိုင်သည့် အတွက် ထိရောက်သော အရေးယူခြင်း များ ပြုလုပ်ရန်လိုအပ်နေကြောင်း သိ ရသည်။
ယင်းသို့ အများပြည်သူအ ပန်းဖြေရာနေရာများတွင် အုပ်စု ဖွဲ့သောက်စားမူးယစ်မှုကြောင့် အ ပန်းဖြေသူများကို အနှောင့် အယှက် ဖြစ်စေခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းတို့ကို ဖြစ်ပေါ်စေပြီး စားကြွင်းစားကျန် များမှတစ်ဆင့် ကြွက်များ ပေါက် ပွားနိုင်သည့်အတွက် မြေကျွံကျ ခြင်း၊ ကန်ပေါင်ကျိုးကျခြင်းအထိ ဖြစ်နိုင် သည် ဟု သုံးသပ် ကြသည်။

အင်ဂျင်နီယာ တစ်ဦးက ''စား ကြွင်းစားကျန်ရှိရင် ကြွက်ရှိလာ မယ်။ ကြွက်ဆိုတာက မြေတူးပြီး နေတဲ့ သတ္တဝါဆိုတော့ နေ့စဉ်နဲ့ အမျှ ပိုပိုများလာရင် မြေကျွံတာ မျိုးဖြစ်နိုင်သလို ကန်ပေါင်ကျိုး ကျတာမျိုးမဖြစ်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင် ဘူး။ ဒါကြောင့် ထိ ရောက်တဲ့အရေးယူမှုတွေ လုပ်ဖို့ လိုပါတယ်''ဟု သုံးသပ်ပြောသည်။ အုပ်စုဖွဲ့ အရက်သေစာ သောက်သုံးမှုမှာ အင်းလျားကန် ပေါင်တွင် အများဆုံးဖြစ်ပြီး နေ့ ခင်းချိန်၌ပင် သောက်သုံးသူများ ရှိနေ ကြောင်း၊ တခြား သော အများ ပြည်သူ အပန်းဖြေနိုင်သည့် ပန်းခြံ နှင့် စိမ်းလန်းမြေများတွင်လည်း အရက်သေစာသောက်စားမှုနှင့် လောင်းကစားလုပ်သူများကိုပါ တွေ့နေရကြောင်း သိရသည်။ အင်းလျားကန်အပါအဝင် ကန်တော် ကြီး နှင့် လှော်ကားတို့ ကို ရန်ကုန်မြို့ရှိ စိမ်းလန်းမြေများ အဖြစ် သတ်မှတ်ကာ ရေရှည်တည် တံ့စေရန် မဟာရန်ကုန်မြို့ပြဖွံ့ဖြိုး ရေး မဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းရေးဆွဲမည်ဆိုသော် လည်း လက်ရှိ အခြေ အနေ များက ရေရှည် တည်တံ့ ရေးကို အနှောင့် အယှက်ဖြစ်စေကြောင်း သိရသည်။

''ကျွန်တော်တို့သူငယ်ချင်း တွေစုမိရင် အင်းလျားကန်ပေါင် မှာ သွားသောက်ကြတယ်။ကိုယ် တွေလိုပဲ အဖွဲ့လိုက်သောက်တဲ့ သူလဲရှိတယ်။ နှစ်ဦး၊ သုံးဦးစုသောက် တဲ့သူတွေလဲ အများကြီးပဲ။ သောက် တဲ့အထဲမှာ မိန်းကလေးတွေ တောင် ပါသေးတယ်။ အမှန်တော့ မ သောက်သင့်ပါဘူး။ တားမြစ်မယ်ဆို ရင် လိုက်နာမှာပါ။ အခုကသောက် လို့ရလို့ သောက်နေတာပါ''ဟု ရန် ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။ မဟာရန်ကုန်မြို့ပြဖွံ့ဖြိုး ရေး မဟာဗျူ ဟာစီမံ ကိန်းတွင် ပန်း ခြံများအသစ် တည်ဆောက်ခြင်း နှင့် စိမ်းလန်းမြေများတိုးချဲ့ခြင်း ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးမှ သိရသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ တာဝန် ရှိသူက ''ပြည်သူတွေ အပန်းဖြေ အနားယူနိုင်မယ့်နေရာတွေ တိုး ချဲ့သွားဖို့ ရှိပါတယ်။ အခု ပန်းခြံ ငါးခု အဆင့်မြှင့်တင်ခြင်းကို ဆောင် ရွက်နေပါတယ်။ ပန်းခြံတွေထဲ မှာ ဈေးရောင်းတာ၊ လောင်းကစား လုပ်တာတွေနဲ့ အရက် သေစာ သောက်သုံးမှုကို အရေးယူမှာပါ''ဟု ပြောသည်။

မဟာရန်ကုန် မြို့ပြဖွံ့ဖြိုး ရေး မဟာဗျူဟာစီမံကိန်းကို ရေး ဆွဲပေးနေသော JICA Study Team Leader Mr. Koji Ya Ma Da ''ရန်ကုန်ဟာ လွန်ခဲ့ တဲ့ ၁၀ နှစ်နဲ့ယှဉ်ရင် စိမ်းလန်းမှု လျော့လာပြီ။ မထိန်းသိမ်းရင် ရေ ရှည်မှာ ဆုံးရှုံးမှာဖြစ်ပါတယ်''ဟု ဇွန် ၅ ရက်က ချက်ထရီယမ် ဟို တယ်၌ ပြုလုပ်သော မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေးမဟာ ဗျူဟာစီမံ ကိန်း Seminar တွင် ပြောသည်။

အေးမြမြထွန်း
Yangon Media Group

0 comments:

Post a Comment