22.7.13

အညာဒေသပန်းချီဆရာ(၁၈)ဦးပါဝင်သော ရေနံ့သာပန်းချီပြပွဲ ကျင်းပမည်

ရန်ကုန်-ဇူလိုင်၂၂ အညာအရပ်ဒေသ၏ ရှုခင်း များဖြင့် ရေးဆွဲထားပြီး ရေနံချောင်းပန်းချီ ဆရာများပါဝင်ပြသသော “ရေနံ့သာ” ပန်းချီပြပွဲကို (၈)ကြိမ်မြောက်အဖြစ် ပြသမည်ဟု သတင်းရရှိသည်။ဗိုလ်ချုပ်ဈေးရှိ ပန်းချီအစည်းအရုံးပြခန်းတွင် ဇူလိုင်၂၆ရက်မှစတင်ပြသသော
ယင်းပြပွဲတွင် အညာဒေသပန်းချီဆရာ(၁၈)ဦးပါဝင်၍ ပန်းချီကားပေါင်း(၈၀)ပါဝင်မည်ဟုသိရသည်။


“ကျနော်တို့ ရေနံချောင်းမြို့နယ်ပန်းချီအစည်းအရုံးအနေနဲ့ ခုလိုပြပွဲတွေနှစ်စဉ်ကျင်းပနိုင် အောင်အမြဲကြိုးစားနေပါတယ်”ဟု ပန်းချီဦးဝင်းကြည်မှ ပြောသည်။
ပြပွဲတွင် ရေဆေး ၊ဆီဆေး၊ အခဲလစ်ကားများစုံစုံလင်လင်ဖြင့်အညာဒေသရှုခင်းဥိး စားပေးဖြစ်ပြိးခံစားမှုပန်းချီကားများလည်းပါဝင်သည်။ပြပွဲကာလ(၅)ရက်ကြာပြသမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

ဦးမင်း
Popular Myanmar News Journal

0 comments:

Post a Comment