27.8.13

လင်းဇင်းကုန်းသုသာန်ရှိ ထိုင်းဘုရင့်အုတ်ဂူနေရာ ဥယျာဉ်ပြုလုပ်ရန် ခွင့်ပြုမိန့် မရသေး

လင်းဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင့်အုတ်ဂူ နေရာအား အထိမ်းအမှတ်ဥယျာဉ် တည်ဆောက်ရန် မြို့တော်စည်ပင် မှ တရားဝင်ခွင့်ပြုမိန့် မထုတ် ပြန်ရသေးကြောင်း မန္တလေးတိုင်း ဒေသကြီး မြို့တော်စည်ပင်ဌာနမှ သိရသည်။


မန္တလေးတိုင်း အမရပူရ မြို့နယ်ရှိ ယင်းထိုင်းဘုရင့်အုတ် ဂူဟု ယူဆရသော လင်းဇင်းကုန်း သုသာန်နေရာ၏ အုတ်ဂူနေရာ အား အထိမ်းအမှတ်ဥယျာဉ်အ ဖြစ် မြန်မာနိုင်ငံ သုတေသနအဖွဲ့မှ တည်ဆောက်လိုကြောင်း သိရ သည်။
''ဦးတို့ဆီကိုတော့ အထက် ကလူကြီးတွေက ဘာမှညွှန်ကြား တာမျိုးလဲ မရှိဘူး။ ဒီနေရာမှာ ဒါဆောက်ရမယ်လို့လဲ ပြောထား တာမျိုး မရှိဘူး။ သူတို့ဘက်က ဆောက်ဖို့ စာတော့တင်ထား တာ မှန်ပါတယ်။ ဒါပေမဲ့ ထိုင်း ဘုရင့်အုတ်ဂူဆိုတာကိုလဲ သေ ချာအောင် စစ်ဆေးမှုတွေပြုလုပ် နေတာတွေကိုလဲ တွေ့ရတယ်။ အဲဒီသုသာန်မှာက တခြားဆွေ တော်မျိုးတော်တွေရဲ့အုတ်ဂူ တွေလဲ ရှိတယ်လေ။ ဒါကြောင့် ခုတော့ ရှေးဟောင်းသုတေသန လုပ်ထားပြီး ထိုင်းဘုရင့်အုတ်ဂူလို့ ဆိုပြီးတော့ သံဆန်ခါတွေနဲ့ တံ တိုင်းခတ်ထားတာပဲ ရှိပါသေး တယ်''ဟု မန္တလေးစည်ပင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါသုသာန်အတွင်းရှိ ထိုင်းဘုရင့်အုတ်ဂူဟု ယူဆရသည့် အုတ်ဂူအား ထိုင်းနိုင်ငံမှလည်း လာရောက်လေ့လာမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
''အစ်မတို့ သိထားတာက တော့ အဲဒီ ထိုင်းဘုရင့်အုတ်ဂူ နေရာကို ရှေးဟောင်းသုတေသန ကပဲ တံတိုင်းခတ်ထားတယ်။ ဒါပေမဲ့ ဥယျာဉ်တည်ဆောက် မယ်ဆိုတာမျိုးတော့ မကြားမိဘူး။ တကယ်လို့ ဆောက်ခွင့်ပြုမယ် ဆိုရင်တောင် ကြာဦးမယ်လို့ထင် တယ်။ ခုချိန်ထိတော့ အစ်မတို့ ဘာမှ မသိရသေးဘူး။ အချိန် ဘယ်လောက်ကြာမှ ဆောက်ဖြစ် မယ်ဆိုတာကိုလဲ အစ်မတို့ မပြော နိုင်ဘူး။ အားလုံးက အထက်က လူကြီးတွေ ခွင့်ပြုမှပဲ ဆောက်ခွင့် ရမှာပါ''ဟု မန္တလေးတိုင်း အမရ ပူရမြို့နယ် စည်ပင်မှ တာဝန်ရှိ အင်ဂျင်နီယာတစ်ဦးက ပြော သည်။

ယင်းလင်းဇင်းကုန်းသုသာန် တွင် အယုဒ္ဓယခေတ် ထိုင်းဘုရင် ကြီးဥတုံတရအုတ်ဂူဟု ယူဆရ သော အုတ်ဂူအား ထိုင်းနိုင်ငံ သုတေသနအဖွဲ့နှင့် မြန်မာနိုင်ငံ သုတေသနအဖွဲ့မှ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment