27.8.13

ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်က မြောက်ကိုရီးယားနိုင်ငံအတွင်း စစ်ဆေးခွင့်ပေးရန် တိုက်တွန်း

မြောက်ကိုရီးယားနိုင်ငံတွင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ စုံစမ်းဆေးမည့် ကုလသမဂ္ဂစုံစမ်း စစ်ဆေးရေးအဖွဲ့အကြီးအကဲ က မြောက်ကိုရီးယားနိုင်ငံသို့ သွား ရောက်စုံစမ်းစစ်ဆေးခွင့်ပြုရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ် ဆေးမှုသည် ကော်မရှင်အား ဂုဏ် သရေပျက်စေရန် လုပ်ဆောင် သည့်အဖွဲ့အဖြစ် မြောက်ကိုရီးယား အစိုးရက ဝေဖန်ရှုတ်ချခဲ့သည်။


အငြိမ်းစားဩစတြေးလျ တရားသူကြီးဟောင်းမိုက်ကယ် ကာဘီဦးဆောင်သော စုံစမ်းစစ် ဆေးရေးကော်မရှင်သည် တောင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မြောက်ကိုရီးယားဘက်မှ ပြောင်း လာသူတို့ထံမှ လူ့အခွင့်အရေး နှင့်ပတ်သက်၍ သက်သေထွက် ဆိုချက်များကို ကြားနာခဲ့ကြသည်။

ဆိုးလ်မြို့မှ လူ့အခွင့်အရေး ကော်မရှင်၏ကြားနာမှုနှင့် ပတ် သက်၍ မြောက်ကိုရီးယား၏ ဗဟို သတင်းအေဂျင်စီ (KCNA) က ပြင်းပြင်းထန်ထန်ထိုးနှက်တိုက် ခိုက်ခဲ့ပြီး သက်သေထွက်ဆိုသူ များကိုလည်း လူဖျင်းများအဖြစ် ခေါ်ဝေါ်သမုတ်ခဲ့သည်။ သို့ရာ တွင် မစ္စတာကာဘီကမူ သူတို့ ၏ သုံးဦးအဖွဲ့ကော်မရှင်အား မြောက်ကိုရီးယားနိုင်ငံသို့ ဝင် ရောက်စစ်ဆေးခွင့်ပြုရန် ဆက် တိုက်ဆိုသလိုပင် မေတ္တာရပ်ခံ ပန်ကြားခဲ့ကြောင်း သိရသည်။

ကော်မရှင်က မြောက်ကိုရီး ယားခေါင်းဆောင်ကင်ဂျုံအန်း ထံ တိုက်ရိုက်စာရေးသား၍တရား ဝင်မေတ္တာရပ်ခံခဲ့သော်လည်း ဖြေ ကြားမှုမရှိခဲ့ဟု သိရသည်။

Yangon Media Group

0 comments:

Post a Comment