23.8.13

သတိ ရှေ့ကြည့်၊ အပေါ်ကြည့်၊ ဘေးကြည့်၊ အောက်ကြည့်

ဩဂုတ် ၂၂ ရက် နံနက် ၇ နာရီခန့်ကဖြစ်သည်။

“ဝိုင်းမကြ၊ ဝိုင်းမကြ၊ နောက်က ကားတွေတားထား၊ နောက်ပြန်ဆုတ်-နောက်ပြန်ဆုတ်၊ ရတော့မယ် ရတော့ မယ်” ဟူသော လူအများဝိုင်းအော်နေသည့် ဆူညံသံကြောင့် လမ်းပေါ်ထွက်ကြည့်မိသည်။

ကိုယ့်မင်းကိုယ့်ချင်းလမ်း ရွှေဂုံတိုင် တံတား စီမံကိန်း တံတားတိုင်အမှတ် (P-2) အရှေ့ဘက်လမ်းမကြီး၏ လူသွားပလက်ဖောင်းပေါ်တွင် ဌာနတစ်ခုမှ ဝန်ထမ်းကြိုပို့ ယာဉ်တစ်စီး ပလက်ဖောင်းကျွံ၍ ရှေ့ဘီးနစ်နေကြောင်းတွေ့ရသည်။ နစ်နေသည့် ဘီးအား လူအများအားဖြင့် ဝိုင်းဝန်း ဆွဲတင်နေကြခြင်း ဖြစ်သည်။ ကံကောင်းသည် ဆိုရ မလား မပြောတတ်၊ ကြို/ပို့ယာဉ်ပေါ်တွင် တစ်ဦးတစ်ယောက်မှ မပါသလို ယာဉ်သည် ပလက်ဖောင်းကျော်၍ ခြံစည်းရိုးနံရံနှင့်လည်း နှုတ်မဆက်မိ။
ယင်းဖြစ်ရပ်သည် မတော်တဆဖြစ်ခဲ့သည်ဆိုသော်လည်း အလွန် အန္တရာယ်ကြီးလှသည်။ ယာဉ်မောင်းသူ၏ ပေါ့ဆ မှုလား...၊ လုပ်ငန်း တာဝန်ရှိသူများ၏ ပေါ့ဆမှုလား...၊ ဌာနဆိုင်ရာများ၏ ပေါ့ဆမှုလား ...၊ ဆိုသည့် မေးခွန်းပေါင်း များစွာ မေးရမလိုဖြစ်ခဲ့ရသည်။

၆-၈-၂၀၁၃ ရက်ထုတ်သတင်းစာများတွင် “ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ထုတ်ပြန် သော သတိပေးနှိုးဆော် ချက်တွင်” ရွှေတိဂုံတိုင် လမ်းဆုံတည်ဆောက်ရေး စီမံကိန်း၏ ရွှေဂုံတိုင်မီးပွိုင့် တောင်ဘက်ခြမ်းရှိ တံတားတိုင်အမှတ် P-4, P-3, P-2, P-1, P-200 နှင့် P-100 တို့တွင် Cross Beam လုပ်ငန်းများ လုပ် ဆောင်သွားရန်ရှိရာ တံတားတိုင်အမှတ် P-3 နေရာမှစ၍ P-100 နေရာထိ လမ်း၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက် လမ်းတစ်လျှောက်တွင် မော်တော်ယာဉ်ငယ်တစ်စီးစီသာ သွားလာနိုင်မည့် အခြေအနေရှိပါသည်။

ကမ္ဘာအေးစေတီလမ်းသို့ ဖြတ်သန်းသွားလာနေသည့် ခရီးသည်တင်ယာဉ်များနှင့် အမြင့် ၁၀ ပေနှင့် အထက်ပိုသော ယာဉ်လတ်များ၊ ယာဉ်ကြီးများ အန္တရာယ်ကင်းစွာ သွားလာနိုင်သည့် အမြင့်ကင်းလွတ်ချက် မရနိုင်သဖြင့် Cross Beam လုပ်ငန်းများ လုပ်ဆောင်နေ သည့် ကာလအတွင်း အမြင့် ၁၀ ပေနှင့် အထက်ပိုမိုသော ယာဉ်လတ်များ၊ ယာဉ်ကြီးများနှင့် ခရီး သည်တင် ယာဉ်များ သည် ရှောင်ကွင်းလမ်းမှ သွားလာကြရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ကာလမှ ၆-၈-၂၀၁၃ ရက်မှ ၁၈-၉-၂၀၁၃ ရက်ထိ ဖြစ်ကြောင်း သတိပေးနှိုးဆော်ထားသည်ကို တွေ့ရှိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်

0 comments:

Post a Comment