23.8.13

မြန်မာများ အပျော်စီး သင်္ဘောဖြင့် ပြည်ပသို့ လည်ပတ်မှုများ ရှိလာ၍ သင်္ဘောခရီးစဉ်များ ဈေးကွက်မြှင့်တင်ရန် ဆွေးနွေး

မြန်မာလူမျိုးများ ပြည်ပသို့ ခရီးစဉ်များ ထွက်ခွာ လည်ပတ်ရာတွင် အပျော်စီးသင်္ဘော ခရီးစဉ်ဖြင့်လည်း သွားရောက် လည်ပတ်မှုများ ရှိလာသည့်အတွက် အဆိုပါ ခရီးစဉ်များနှင့် ပတ်သက်၍ ဈေးကွက်မြှင့်တင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မြန်မာခရီးသွား အချို့သည် ယခုနှစ် သြဂုတ်လ လယ်ပိုင်း၌ ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ သီလ၀ါ ဆိပ်ကမ်းမှတစ်ဆင့် အပျော်စီး သင်္ဘောခရီးစဉ် လိုက်ပါခွင့်ရရှိပြီးနောက် ရက်သတ္တပတ် ၀န်းကျင်အကြာ သြဂုတ် ၂၂ ရက်က ရန်ကုန်မြို့ရှိ ပါ့ခ်ရွိုင်ရယ်ဟိုတယ်၌ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောလိုင်း Star Cruises နှင့် မြန်မာနိုင်ငံရှိ ပြည်ပခရီးစဉ် စီစဉ်ပို့ဆောင်နေသည့် ခရီးသွား ကုမ္ပဏီအချို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

''မကြာသေးခင်က ရန်ကုန်မြို့ကို လာရောက်တဲ့ Superstar Libra နဲ့ မြန်မာခရီးသည်တွေ လိုက်ပါသွားခဲ့ ကြပါတယ်။ အပျော်စီးသင်္ဘော ခရီးတွေ လိုက်ပါဖို့ ခွင့်ပြုချက်တွေ ရလာပြီ။ ဒါကတော့ မှတ်တိုင်သစ် တစ်ခုဖြစ်ပါတယ်'' ဟု Myanmar Voyages ခရီးသွား ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုးက ပြောကြားသည်။

''မြန်မာနိုင်ငံမှာ ဈေးကွက်မြှင့်တင်မှု ဘာကြောင့်လာပြီး လုပ်ရသလဲဆိုတော့ မြန်မာနိုင်ငံဟာ စီးပွားရေးအရလည်း ဖွံ့ဖြိုး လာပြီ။ မြန်မာလူမျိုးတွေ ပြည်ပကို ခရီး သွားရောက်တာလည်း များလာပြီ။ မြန်မာ ခရီးသွားတွေဟာ ပိတ်ရက်၊ အားလပ်ရက် မှာ စခေုေါန အသကမ နဲ့ သွားလာတဲ့အလေ့အ ထရှိပြီးဖြစ်ပါတယ်။ အခု ခရီးစဉ်သစ်ပုံစံ တစ်မျိုးနဲ့ အပျော်စီး သင်္ဘောခရီးစဉ်ကို မိတ်ဆက်ပေးချင်တာပါ'' ဟု Star Cruises မှ Senior Vice President Mr. Michael Goh က ပြောကြားသည်။

မြန်မာလူမျိုးများ ပြည်ပခရီးစဉ် ထွက်ခွာမှုသည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် စတင်တွင်ကျယ်လာပြီး ၂၀၀၆ ခုနှစ် နောက်ပိုင်း၌ ထွက်ခွာမှု ပိုများလာခဲ့သည်။

မြန်မာနိုင်ငံသားများ ပြည်ပသို့ ခရီးစဉ် ထွက်ခွာမှုတွင် သွားရောက်မှု အများဆုံး နိုင်ငံများမှာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊ ဟောင်ကောင်-မကာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကိုရီးယား၊ အင်ဒိုနီး ရှား၊ ဂျပန်တို့ ဖြစ်သည်။

အပျော်စီး သင်္ဘောခရီးစဉ်ဖြင့် မြန်မာခရီးသွားများ လိုက်ပါမည် ဆိုပါက အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀၀၀ ၀န်းကျင် အသုံးပြုပါက ခရီးစဉ် သွားရောက်နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ ဆိပ်ကမ်းမှ တိုက်ရိုက် သွားရောက်မည့် ခရီးစဉ်များသည် အခါအားလျော်စွာ ရှိမည်ဖြစ်ပြီး စင်ကာပူနိုင်ငံ ဆိပ်ကမ်းမှ လိုက်မည်ဆိုပါက ခရီးစဉ် ရက်ရွေးရန်ပို၍ အခွင့်အလမ်း များမည်ဟု သိရသည်။

အပျော်စီးသင်္ဘော ခရီးစဉ် လိုက်ပါသော မြန်မာခရီးသွား များသည် ခရီးစဉ်အား စွန့်စားခရီးသွားခြင်း သို့မဟုတ် အပန်းဖြေခြင်း စသည့် ရည်ရွယ်ချက်များနှင့် ရွေးချယ်ကြကာ သင်္ဘောပေါ်၌ လှည့်ပတ်သွားလာခြင်း၊ အစီအစဉ် အားလုံးတွင် ပါဝင်ခြင်း၊ အခြားနိုင်ငံများမှ ခရီးသည်များနှင့် ရောနှောခြင်း၊ သင်္ဘောခရီးစဉ် အတွေ့အကြုံကို အပြည့်အ၀ ခံစားနိုင်ခြင်း စသည်တို့ အတွက် tour leader ပါခြင်းကို ပိုမိုနှစ်သက်ကြောင်း ခရီးသွား ကုမ္ပဏီအချို့မှ ဆွေးနွေးခဲ့သည်။

Star Cruises သည် ကမ္ဘာတွင် တတိယ အကြီးဆုံး အပျော်စီး သင်္ဘောလိုင်းဖြစ်ကာ ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အာရှ-ပစိဖိတ် ဈေးကွက်ကို ဦးတည်လျက်ရှိသည်။

Eleven Media Group

သြဂုတ် ၁၄ ရက်က ရန်ကုန်မြို့ သီလ၀ါ ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သည့် ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောအား တွေ့ရစဉ် (ဓာတ်ပုံ-ရွန်းလဲ့ဝင်း)

0 comments:

Post a Comment