23.8.13

ဟောင်ကောင်၊ ထိုင်ဝမ်နှင့် တရုတ်နိုင်ငံတို့၏ ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် CMP စနစ် အထည်ချုပ် လုပ်ငန်းများ ထပ်မံလုပ်ကိုင်ခွင့်ပြု

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ဟောင်ကောင်၊ ထိုင်ဝမ်တို့နှင့် တရုတ်တို့၏ ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် CMP အထည်ချုပ် လုပ်ငန်းများ လုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထပ်မံလုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း သိရသည်။


ဟောင်ကောင်အခြေစိုက် ကုမ္ပဏီနှင့် B&N Garment Myanmar Co., Ltd တို့အား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် (၂) တွင်လည်းကောင်း၊ ထိုင်ဝမ်အခြေစိုက် Melody Global Co.,Ltd,Sunny Shoes Inc (Taiwan) အား ပဲခူးတိုင်းဒေသကြီး၊ ပဲခူးစက်မှုဇုန်တွင် CMP စနစ်ဖြင့် footwears and outdoor sports products ထုတ်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်ရန် လည်းကောင်း၊ တရုတ်နိုင်ငံ အခြေစိုက် SDI Manufacturing Co., Ltd အား ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ငွေပင်လယ် စက်မှုဇုန်၌ လည်းကောင်း လုပ်ကိုင်ခွင့်ပြုခဲ့သည်။

ထို့ပြင် စင်ကာပူ အခြေစိုက် Slita Pte Ltd.နှင့် မြန်မာနိုင်ငံ Lita Myanmar Co., Ltd, Myint Myat Htut Khaung Interna-tional Co.,Ltd တို့အား ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ရွှေလင်ဗန်း စက်မှုဇုန်၌ CMP စနစ်ဖြင့် အထည်ချုပ် လုပ်ငန်းများ လုပ်ကိုင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၌ ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့မှ CMP စနစ်ဖြင့် အထည်ချုပ် လုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

တရုတ်နိုင်ငံ အခြေစိုက် Shanghai Don- glong Feather Manufacture Co.,Ltd နှင့် Dong Long(Myanmar) Garment Co.,Ltd တို့ပူးပေါင်းပြီး ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာစက်မှုဇုန် (၄) တွင်လည်းကောင်း၊ တရုတ်နိုင်ငံ အခြေစိုက် Jiangsu Solamoda Garments Group Co.,Ltd မှ လှိုင်သာယာမြို့နယ် ရွှေသံလွင် စက်မှုဇုန်တွင် လည်းကောင်း၊ ဟောင်ကောင်အခြေစိုက် Kamtex Limited မှ Myanmar Sein Pann Garments Manufacturing Co.,Ltd နှင့် ပူးပေါင်းကာ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် စက်မှုဇုန်(၁)၌ လည်းကောင်း အသီးသီး လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ တရုတ်နိုင်ငံ အခြေစိုက် Dong Fang Star Garment Factory Co.,Ltd မှ Nexstar Garment manufacturing Co.,Ltd နှင့်ပူးပေါင်းကာ လှိုင်သာယာ စက်မှုဇုန်(၁)တွင် လည်းကောင်း၊ ဟောင်ကောင် အခြေစိုက် AMG Factory Co.,Ltd Archid Garment Factory Limited မှ ရွှေလင်ဗန်း စက်မှုဇုန်၌ အထည်ချုပ် လုပ်ငန်းများ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ အထည်ချုပ် လုပ်ငန်းများ တင်ပို့မှု အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ မတ်အထိ သုံးလတာ ကာလအတွင်း တန်ဖိုးအမေရိကန် ဒေါ်လာ သန်း ၃၀၀ ကျော် ရရှိခဲ့ကာ ယခင်နှစ် ကာလတူထက် နှစ်ဆနီးပါး ပိုမိုရရှိခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက်များအရ သိရသည်။

Eleven Media Group

ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန်ရှိ Best Industrial အထည်ချုပ် စက်ရုံအား သြဂုတ်လဆန်းက တွေ့ရစဉ်

0 comments:

Post a Comment