31.8.13

အပစ်အခတ် ရပ်စဲထားသော KNU နှင့် RCSS\SSA တို့ကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မ တ ဒေါက်တာစိုင်းမောက်ခမ်း နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံ

အပစ်အခတ် ရပ်စဲထားသော ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင် စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)အဖွဲ့တို့ကို ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် သြဂုတ် ၃၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ရထားပို့ဆောင်ရေး
ဝန်ကြီးဌာနရုံး၌ ခေါ်ယူတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ပအရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သည့် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (WGEC-Working Group For Ethnic Coordination) မှ ပြုစုရေးဆွဲထား သည့် နိုင်ငံရေး ဆွေးနွေပွဲမူဘောင် (Framework for Political Dialogue) အား တင်ပြခွင့်ရရှိခဲ့ပြီး တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းကိစ္စကို တိုင်းရင်းသားများ ဖော်ဆောင်လိုသည့် ပုံစံကိုလည်း တင်ပြခွင့်ရခဲ့ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှ က ပြောကြားသည်။

သူတို့တွေက ဘယ်တော့မှ ခွဲမထွက်ဘူး။ ဖက်ဒရယ်မူ ဆိုတာကို ကြားလိုက်တာနဲ့ ခွဲထွက်သွားမယ်ဆိုတဲ့စိတ်မျိုး လုံးဝမရှိပါနဲ့။ ဒါကို အဓိကထား ဆွေးနွေးတယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အပိုင်းမှာ ရပ်တန့်မသွားဘဲနဲ့ စဉ်ဆက်မပြတ် မကြာမကြာ အခုလို ထိတွေ့ပေးရင် သူတို့တင်ပြချက်လေးတွေကို နားထောင်ပေးခြင်းအားဖြင့် ယုံကြည်မှု တည်ဆောက်တဲ့အပိုင်းမှာ ပိုမိုပြီးတော့ ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဖြစ်လာမယ်လို့ သူတို့က ပြောတယ်။ နောက်တစ်ခုက သူတို့စိတ်ထဲမှာ အားလုံးငြိမ်း ချမ်းရေးရပြီး အပစ်အခတ် ရပ်စဲပြီးတဲ့ နောက်ပိုင်းမှာ . . . . .
"ဒီဆွေးနွေးပွဲကနေ ရရှိတဲ့ အကျိုးအမြတ်ကတော့ နိုင်ငံတော်အကြီးအကဲ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ရပြီးတော့ ကျွန်တော်တို့ ဆန္ဒ၊ သဘောထားတွေကို တင်ပြခွင့် ရရှိတာပဲ ဖြစ်ပါတယ်။

ရှေ့ဆက်ပြီး အနာဂတ်မှာ နိုင်ငံတော်ကနေ လိုလားနေတဲ့ ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကို ကျွန်တော်တို့ တစ်ဆင့်ပြီးတစ်ဆင့် တက်လမ်းသွားဖို့ မူဘောင်ဖြစ်ပါတယ်။ အဲဒီလိုမျိုး မူဘောင်မရှိဘဲနဲ့ ကျွန်တော်တို့ လုပ်ငန်းဖော်ဆောင်တဲ့ နေရာမှာ အခက်အခဲ ဖြစ်စေနိုင်တဲ့ အတွက်ကြောင့် ဒီမူဘောင်ကို တတ်သိပညာရှင်များနဲ့ နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်သူတွေနဲ့ တိုင်းရင်းသား ပညာရှင်တွေ၊ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းပြီး ပြုစုရေးဆွဲထားတဲ့ မူဘောင်ပဲ ဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်တို့ရဲ့ တိုင်းရင်းသား မူဘောင်အဖြစ်နဲ့ အစိုးရပိုင်းကဖြစ်ဖြစ် နိုင်ငံတော် အကြီးအကဲပိုင်းကဖြစ်ဖြစ် သိရှိအောင် လေ့လာခွင့်ရအောင် ကျွန်တော်တို့ လာတင်ပြတာပါ" ဟု ဗိုလ်မှူးကြီးစိုင်းလှက ပြောကြားသည်။

ထို့အပြင် ပထမအဆင့် အနေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ သဘောတူညီချက် ရရှိရန် လိုအပ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲ တက်လှမ်းသွားနိုင်မည်ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေး ပွဲများအတွက် မူဘောင်များ ထပ်မံဆွေးနွေးရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ မူဘောင်သဘောတူညီမှုများကို အစိုးရ အပါအ၀င် တိုင်းရင်းသားပြည်နယ် အသီးသီး လူမျိုးစုအလိုက် ချပြ၍ အတည်ပြုချက် ရယူကာ နောက်ပိုင်းတွင် အားလုံးပါဝင်သည့် တစ်ပြည်လုံး အတိုင်းအတာဆောင် သည့် နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ရာတွင်လည်း ပင်လုံစိတ်ဓာတ်နှင့်အညီ ပင်လုံညီလာခံကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲကြီးတစ်ခု လုပ်ဆောင်မှသာလျှင် နှစ် ၆၀ ကျော် မပြေလည်နိုင်သေးသည့် နိုင်ငံရေးပြဿနာအား ဖြေ ရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ဗိုလ်မှူးကြီးစိုင်းလှက ဆက် လက်ပြောကြားသည်။

"သူတို့တွေက ဘယ်တော့မှ ခွဲမထွက်ဘူး။ ဖက်ဒရယ်မူ ဆိုတာကို ကြားလိုက်တာနဲ့ ခွဲထွက်သွားမယ်ဆိုတဲ့စိတ်မျိုး လုံးဝမရှိပါနဲ့။ ဒါကို အဓိကထား ဆွေးနွေးတယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အပိုင်းမှာ ရပ်တန့်မသွားဘဲနဲ့ စဉ်ဆက်မပြတ် မကြာမကြာ အခုလို ထိတွေ့ပေးရင် သူတို့တင်ပြချက်လေးတွေကို နားထောင်ပေးခြင်းအားဖြင့် ယုံကြည်မှု တည်ဆောက်တဲ့အပိုင်းမှာ ပိုမိုပြီးတော့ ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဖြစ်လာမယ်လို့ သူတို့က ပြောတယ်။ နောက်တစ်ခုက သူတို့စိတ်ထဲမှာ အားလုံးငြိမ်းချမ်းရေးရပြီး အပစ်အခတ် ရပ်စဲပြီးတဲ့ နောက်ပိုင်းမှာ တကယ်လို့များ လွှတ်တော်မှာ ဆက်ပြီးဆွေးနွေးလို့ရှိရင် ကြန့်ကြာနေမယ်ဆိုတာ စိုးရိမ်သောက ဖြစ်မိတယ်လို့ ပြောတယ်။ နောက် တစ်ခုက သူတို့က ဘာပဲဖြစ်ဖြစ် သူတို့တွေဟာ တိုင်းရင်းသား ညီအစ်ကိုတွေ။ ဒီ ၂၀၁၅ မတိုင်မီ ငြိမ်းချမ်းရပြီဆိုတဲ့ အဆင့်ရောက်တဲ့အထိ တစ်ဆင့်ပြီးတစ်ဆင့် မြန်မြန်သွားချင်နေကြတယ်။

အဲဒါလေးတွေ ဆွေးနွေးဖြစ်ပါတယ်" ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းနှင့်အတူ လုပ်ငန်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်နှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဗီဂျေနမ်ဘီးယားလည်း တက်ရောက်ခဲ့သည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် RCSS/SSA၊ KNU တို့မှ တာဝန်ရှိသူများ နေပြည်တော်၌ သြဂုတ် ၃၁ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

Eleven Media Group

0 comments:

Post a Comment