31.8.13

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနည်းပြ ကုမာဒါနှင့်တွေ့ဆုံခြင်း

ပြိုင်ဘက်အသင်းရဲ့ သတင်းမရဘဲ ပြင်ဆင်ရတဲ့အဖြစ်မျိုး ရိုးနေပါပြီ
လာမယ့် စက်တင်ဘာ၉ရက်ကစတင်ပြီး ရန်ကုန်မြို့မှာ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မှာပါ။ ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းကို ဒုတိယဆုရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြကုမာဒါနဲ့ သွားရောက်တွေ့ဆုံပြီး ဒီပြိုင်ပွဲမှာ သူ့ရဲ့ မျှော်လင့်ချက်နဲ့ အခက်အခဲတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။



မေး- မင်္ဂလာပါ ကုမာဒါရေ။ အရင်ဆုံးအနေနဲ့ စက်တင်ဘာမှာကစားရတော့မယ့် ပြိုင်ပွဲကို သုံး သပ်ပေးပါဦး။
ဖြေ- မင်္ဂလာပါ။ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ ဒုတိယဆုရရှိခဲ့ တယ်။ ဒါပေမဲ့ အခု ဂျပန်နဲ့ ဩစတြေးလျတို့ပါ လာလို့ ဒီနှစ်ပြိုင်ပွဲက ပိုပြီးတော့ခက်ခဲလာပါ လိမ့်မယ်။ ဒါပေမဲ့ အာဆီယံအမျိုးသမီးပြိုင်ပွဲ ကို အဓိကဦးဆောင်ရမှာက ကျွန်တော်တို့ရယ်၊ ထိုင်းရယ်၊ ဗီယက်နမ်ရယ်ပါ။

မေး- ဒါဆိုရင် ကုမာဒါအနေနဲ့ ဒီနှစ်ပြိုင်ပွဲအတွက် ပြင်ဆင်ရတာ ပိုပြီးခက်ခဲမှာပေါ့။
ဖြေ- ပြိုင်ပွဲတိုင်းမှာတော့ အခက်အခဲဆိုတာ ရှိပါတယ်။ ကျွန်တော့်အတွက် အခက်ခဲဆုံးက ပြိုင်ဘက်အသင်းရဲ့ အချက်အလက်တွေမရဘဲ နဲ့ ကိုယ့်အသင်းကိုပြင်ဆင်ရတာပါပဲ။ ဒါပေမဲ့ ဒီအဖြစ်မျိုးက အခုမှမဟုတ်ပါဘူး။ ရိုးနေပါပြီ။

မေး- ဘောလုံးအဖွဲ့ချုပ်ကိုရော မတောင်းဆိုခဲ့ ဘူးလား။
ဖြေ- တောင်းဆိုတာပေါ့။ ဒါပေမဲ့ ဘောလုံး အဖွဲ့ချုပ်မီဒီယာဌာနက စိတ်ပါလက်ပါနဲ့လိုက် လုပ်ပေးရင်ကောင်းတာပေါ့။ အခုက အထက် က အမိန့်ပေးလို့ လုပ်နေတဲ့ပုံစံဖြစ်နေတယ်။ ကျွန်တော်တို့အချင်းချင်းကစားခဲ့တဲ့ ခြေစမ်းပွဲ ကို ပြန်ကြည့်ပြီးသုံးသပ်ချင်တာတောင် ဗီဒီယို လာရိုက်ပေးတာမျိုးမရှိဘူး။

မေး- အမျိုးသားအသင်းအတွက်တော့ ပြိုင်ဘက် အသင်းတွေကိုလေ့လာဖို့ နိုင်ငံခြားကိုသွားပြီး လေ့လာတယ်။ အမျိုးသမီးအသင်းအတွက်တော့ ဒီလိုလေ့လာမှုမျိုးလုပ်ခွင့်မရဘူးဆိုတော့ ဘယ် လိုခံစားရလဲ။
ဖြေ- ဒီလိုကိစ္စတွေက ဖြစ်နေကျမို့ မပြောချင် တော့ပါဘူး။ ပြိုင်ပွဲမှာ ကိုယ်ဘာလုပ်နိုင်တယ် ဆိုတာနဲ့ပဲ သက်သေပြပါမယ်။

မေး- ဒါဆို ကျွန်တော်တို့ ပြိုင်ပွဲနဲ့အသင်း အကြောင်းဘက် လှည့်ကြတာပေါ့။ ပြိုင်ပွဲမှာ ဂျပန်တို့၊ ဩစတြေးလျတို့လို လူငယ်အသင်းတွေ ပါဝင်လာလို့ ပြိုင်ပွဲမှာ ဘယ်လောက်အထိအောင် မြင်မှုရမယ်လို့ မျှော်လင့်ထားလဲ။
ဖြေ- ဂျပန်နဲ့ ဩစတြေးလျတို့ပါလာတာဟာ ကျွန်တော်တို့ရဲ့ပြိုင်ပွဲ တိုးတက်လာလို့ပါ။ ကျွန် တော်တို့အနေနဲ့ ဒီပြိုင်ပွဲမှာ အနည်းဆုံးတော့ ဆီမီးဖိုင်နယ်ရောက်ရှိရမှာပါ။ ပွဲတစ်ပွဲကိုယှဉ် ပြိုင်ပြီဆိုရင် ရှုံးဖို့ထက် အနိုင်ရဖို့ကို ပိုပြီးယုံ ကြည်ချက်ထားပါတယ်။

မေး- ဒီပြိုင်ပွဲက အမျိုးသမီးအသင်းအတွက် ဆီးဂိမ်းအကြိုပြိုင်ပွဲလိုဖြစ်နေတယ်။ ကုမာဒါ အနေနဲ့ရော ဒီပြိုင်ပွဲကို ဘယ်လိုသဘောထားလဲ။
ဖြေ- အခုအချိန်မှာ အားလုံးက ဆီးဂိမ်းကိုပြော နေကြတယ်။ မျှော်လင့်နေကြတယ်။ ကျွန်တော် တို့လဲ ဆီးဂိမ်းကိုမျှော်လင့်ထားပါတယ်။ ဒါပေ မဲ့ ကျွန်တော့်အနေနဲ့ ဒီပြိုင်ပွဲမှာ အောင်မြင်မှု ရချင်ပါတယ်။

မေး- ကုမာဒါအနေနဲ့ လက်ရှိအသင်းရဲ့အခြေ အနေကိုရော ကျေနပ်မှုရှိရဲ့လား။
ဖြေ- ကျေနပ်ပါတယ်။ အသင်းဟာ လေ့ကျင့် ရေးကွင်းမှာလည်း ကောင်းမွန်နေသလို ကျွန် တော်ရောက်ရှိလာတဲ့ နှစ်နှစ်အတွင်းမှာ အများ ကြီး တိုးတက်လာပါတယ်။

မေး- ကြံ့ခိုင်မှုအနေအထားကိုရော ကျေနပ်မှု ရှိရဲ့လား။
ဖြေ- လောလောဆယ်မှာတော့ ကြံ့ခိုင်မှုအနေ အထားက ကောင်းမွန်ပါတယ်။ ဒါပေမဲ့ အခုက မိုးရာသီဖြစ်နေလို့ ပူတဲ့အချိန်ရောက်လာရင် ကြံ့ခိုင်မှုကျဆင်းသွားမှာကို စိုးရိမ်နေပါတယ်။

မေး- ဒါနဲ့ နည်းပြကြီးရဲ့ နည်းပြအဖွဲ့ကိုရော ကျေနပ်မှုရှိရဲ့လား။
ဖြေ- ကျွန်တော့်နည်းပြအဖွဲ့က ကျေနပ်ဖို့ ကောင်းပါတယ်။ သူတို့အနေနဲ့ မခိုကပ်ဘူး။ လေ့ကျင့်ရေးမှာ သူတို့ကို ခဏအနားပေးတဲ့ အချိန်တွေမှာတောင် အနားမယူဘဲ လိုအပ်တာ တွေကို သင်ပေးကြပါတယ်။

မေး- ကုမာဒါအနေနဲ့ လက်ရွေးစင်အသင်းကို ရော ယူ-၁၉အသင်းကိုရော အာရှခြေစစ်ပွဲအောင် မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ အခု ခြေစစ်ပွဲတွေပြီးသွားတော့ ယူ-၁၉အသင်းကို မင်ကော့စကီးကိုပေးလိုက်ရတယ်။ ဒီလိုအချိန်မှာ ဘာပြောချင်လဲ။
ဖြေ- ကျွန်တော့်အနေနဲ့ ယူ-၁၉အသင်းကို အောက်ခြေကစပြီးကိုင်တွယ်လာတော့ အသင်း အကြောင်း ပိုသိပါတယ်။ ကျွန်တော်တို့တွေ ခြေစစ်ပွဲအောင်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတာ ပါ။ ကစားသမားတွေလဲ တော်တော်ပင်ပန်းခဲ့ တယ်။ သူတို့အနေနဲ့ နည်းပြသစ်လက်ထက်မှာ အဆင်ပြေနိုင်ဖို့နဲ့ မင်ကော့စကီးအောင်မြင်နိုင် ဖို့ ဆုတောင်းပါတယ်။

မေး- ကုမာဒါရဲ့စာချုပ်သက်တမ်းက လာမယ့် ဆီးဂိမ်းပြီးရင် ကုန်ဆုံးမယ်လို့ သိထားတယ်။ စာချုပ်သစ်ကိစ္စကိုရော ဘယ်လိုစဉ်းစားထားလဲ။
ဖြေ- ကျွန်တော့်အနေနဲ့က ဆက်ပြီး တာဝန် ပေးရင် လုပ်ချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ဆက်ပြီးတာဝန်မပေးတော့ရင်တော့ အသင်း သစ်ရှာရမှာပေါ့။

မေး- ဖူဆယ်နည်းပြ ကွန်နီရှီက ကုမာဒါရဲ့ သူငယ်ချင်းလို့သိရတယ်။ သူ့အကြောင်းနဲ့ပတ် သက်ပြီး ပြောပြနိုင်မလား။
ဖြေ- သူက ဂျပန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဖူဆယ် သင်တန်းဆရာတစ်ဦးပါ။ သူ့မှာ ဖူဆယ်နဲ့ပတ် သက်တဲ့အတွေ့အကြုံ တော်တော်များများရှိပါ တယ်။

မေး- ဒါဆိုရင် ကွန်နီရှီရဲ့လက်ထက်မှာ အမျိုး သမီးဖူဆယ်အသင်း အောင်မြင်နိုင်မယ်ထင်လား။
ဖြေ- ဆီးဂိမ်းမှာ အမျိုးသမီးဖူဆယ်က ဆု တံဆိပ်တစ်ခုခုတော့ရရှိနိုင်ပါတယ်။ ရွှေရဖို့တော့ ခက်ခဲပါလိမ့်မယ်။ နည်းပြအဖွဲ့တွေနဲ့ ကစား သမားတွေ ညီညွတ်ရင်တော့ အောင်မြင်နိုင်ပါ လိမ့်မယ်။

မေး- နောက်ဆုံးအနေနဲ့ ဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုခွင့်ရမယ်ဆိုရင် ဘာတောင်းဆိုချင်လဲ။
ဖြေ- ဒါဆိုရင်တော့ ကျွန်တော့်အသင်းအတွက် ကြံ့ခိုင်ရေးသင်တန်းဆရာတစ်ဦးလိုချင်ပါတယ်။ ကျွန်တော်တို့ကစားသမားတွေက တအားပင် ပန်းတဲ့အချိန်ကနေ လျှော့ချလိုက်တဲ့အချိန်မှာ ဘယ်လိုလျှော့ချရမယ်ဆိုတဲ့ အတွေ့အကြုံနည်း လို့ ဒဏ်ရာတွေရတတ်ပါတယ်။ သန္တာမိုးဆိုရင် ဂျပန်မှာ လေ့ကျင့်ခန်းဆင်းရင်းနဲ့ ဒဏ်ရာရ လာတာ နှစ်လလောက်ရှိပါပြီ။ အခုထိမပျောက် သေးပါဘူး။ ဒဏ်ရာရတဲ့သူဟာ ဆေးကုရုံနဲ့ မပျောက်ပါဘူး။ သေသေချာချာပြန်လေ့ကျင့် ပေးမယ့်သူရှိမှ ကောင်းမှာပါ။ ဒါကြောင့် ကြံ့ ခိုင်ရေးနည်းပြတစ်ဦးလောက် တောင်းဆိုချင် ပါတယ်။ တောင်းလည်းတောင်းထားပါတယ်။ အဖြေကတော့ သေချာမရခဲ့ဘူး။

Yangon Media Group

0 comments:

Post a Comment