26.9.13

မိုင်းနင်းမိ၍ အပြစ်မဲ့ပြည်သူများ ဒဏ်ရာရ


ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲ၊ ဟဲနန်းကျေးရွာအုပ်စု၊ ကျူပေါ်ကျေးရွာ၏ အနောက်ဘက် ၃ ဖာလုံခန့်အကွာတွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့၊ မွန်းလွဲ ၂း၃၀ နာရီ အချိန်ခန့်၌ SSA (RCSS) (ရွက်ဆစ်) အဖွဲ့မှ ရွက်ဖ ဦးစီးသည့် (အင်အား (၃၀) ဦးခန့်) အဖွဲ့မှ ထောင်ထားသည့် တိုက်မိုင်းဟု ယူဆရသော မိုင်း (ဗုံး) တစ်လုံး ပေါက်ကွဲသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါဖြစ်စဉ်တွင် ကျူပေါ် ကျေးရွာသူ/သား အပြစ်မဲ့ပြည်သူ ကျား (၁) ဦး၊ မ (၂) ဦး၊ ထိခိုက်ဒဏ်ရာရ ခဲ့ပြီး ၄င်းတို့ (၃) ဦးသည် လက်ဖက်ခူးသွားရာမှ SSA (RCSS) (ရွက်ဆစ်) အဖွဲ့မှ ထောင်ခဲ့သော မိုင်းအား ထိတိုက်မိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၄င်းအပြစ်မဲ့ ရွာသားများမှာ -

(က)    ဒေါ်နန်းယွန် (၅၇) နှစ်၊ (ဘ) ဦးတမောင်    ၊ ပအိုဝ်း/ဗုဒ္ဓ၊ ၀ဲဘက်လက်ကောက် (၁) ချက်၊ ၀ဲဘက်ကျော (၂) ချက်၊ ဘယ်လက်မောင်း (၂) ချက် (မစိုးရိမ်ရ)

(ခ)    ခွန်သိန်းဇော် (၈) နှစ်၊ (ဘ) ဦးတဆန်း၊ ပအိုဝ်း/ ဗုဒ္ဓ၊ ကျောကုန်း (၆) ချက်၊ ညာပေါင်အောက် (၁) ချက်၊ ညာလက်ညိုးထိပ် (၁) ချက် (မစိုးရိမ်ရ)

(ဂ)    မနန်းမိ (ခ) မမေသူ (၇) နှစ်၊ (ဘ) ဦးခွန်ရှမ်းမောင်း၊ ပအိုဝ်း/ ဗုဒ္ဓ၊ ညာပေါင် (၂) ချက်၊ ညာဦးချိုစောင်း (၁) ချက်၊ ညာပခုံး ကျောဘက် (၁) ချက် (မစိုးရိမ်ရ)


၎င်း ဒဏ်ရာရ အပြစ်မဲ့ပြည်သူ (၃) ဦးတို့အား ဆေးကုသမှု ခံယူနိုင်ရေး  ပင်လုံမြို့နယ်ခွဲ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့၊ ညနေ ၅း၁၅ နာရီ အချိန်ခန့်တွင် ရောက်ရှိ၍ ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရှိရပါသည်။

by Myanmar News Now

0 comments:

Post a Comment