26.9.13

အသက်(၁၅)အရွယ် သမီးအရင်းဖြစ်သူကို ဖခင်ဖြစ်သူမှ သားမယားအဖြစ်ပြုကျင့်

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ဇီးပင်ကွင်းကျေးရွာ၌ စက်တင်ဘာ ၂၁ ရက်နေ့ ညနေ ၇ နာရီအချိန်ခန့်က အသက်(၁၅)နှစ်အ ရွယ် သမီးအရင်းဖြစ်သူကို ဖခင်ဖြစ်သူမှ သားမယားအဖြစ်ပြုကျင့်ခဲ့သည့် ပြစ်မှုဖြစ်စဉ် တစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း စုံစမ်းသိရှိ ရသည်။


ဖြစ်စဉ်မှာ ယခုလ ၂၀ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်က ဇီးပင်ကွင်းကျေးရွာနေ မ....အသက်( ၁၅) နှစ်ဆိုသူသည် ၎င်း၏ ဦးကြီးတော်စပ်သူ ဦးဝင်းရွှေ၏ တောတိုက်တဲ၌ အိပ်ပျော်နေစဉ် ဖခင်ဖြစ်သူ ဦးစိန်ဌေးမှ ထမင်းချက်ရန်ဟုပြောဆိုကာ လာ ရောက်ခေါ်သွားခဲ့ပြီး ယာခင်းအတွင်းရောက်သောအခါ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ပြုကျင့်ခဲ့သည်မှာ လွန်ခဲ့သော ခြောက်လခန့်ကလည်း နွားကျောင်းရန်ဟုဆိုကာ သူမအားခေါ်ပြီး ယာခင်ထဲ၌ သားမ ယားအဖြစ်ပြုကျင့်ခဲ့သည်။ ထို့နောက် လွန်ခဲ့သည့် နှစ်လခန့်ကလည်း ယာခင်းထဲ၌ အလာတူ ပြုကျင့်ခဲ့သေးကြောင်း မ...ဆို သူမှ ၎င်း၏မိခင်ဖြစ်သူ ဒေါ်မာမာအေး ဆိုသူထံပြောပြခဲ့ခြင်းဖြစ်သည်။

သမီးဖြစ်သူ၏ ပြောပြချက်များအရ မိခင်ဖြစ်သူမှ ယခုလ ၂၂ ရက်နေ့ မွန်းလွှဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်က ကနီမြို့မရဲစခန်း၌ သွားရောက်၍ ခင်ပွန်းဖြစ်သူ ဦးစိန်ဌေး အသက်(၄၂)နှစ် ဆိုသူအား ဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် တိုင်တန်း ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်တန်းချက်နှင့်ပတ်သက်၍ ကနီမြို့မ ရဲစခန်းမှ (ပ) ၁၈၆/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်ခဲ့ပြီး ထိုအမှုအား ရဲစခန်းမှူး ဒုရဲမှူး စိန်အောင်မှ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (facebook)

0 comments:

Post a Comment