၁၆ / ၁၉၉၀ ခုနှစ် ငွေကြေးဆိုင်ရာ ဥပဒေ ပြင်ဆင်နိုင်ရေးအတွက် မြန်မာနိုင်ငံရှိဘဏ်များနှင့် ပြည်သူ့လွှတ်တော် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီတို့ ယနေ့နေ့လည် ၁ နာရီတွင် မြန်မာနိုင်ငံ ဘဏ်များ အသင်း ( ရန်ကုန် ) ၌ တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်များနှင့် အခြားဘဏ်များ၏ အခက်အခဲများနှင့် ငွေရေးကြေးရေးဆိုင်ရာ ဥပဒေများပြင်ဆင်ရာတွင် အခက်အခဲများအား တင်ပြနိုင်ရန်အတွက်ဖြစ်သည်ဟု ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ ဦးအောင်သောင်းက ပြောသည်။
"ကျွန်တော်တို့အနေ နဲ့ Top To Down မဟုတ်တော့ဘူး ။ Botton To Up ဖြစ်နေပြီ အဲ့တော့ တတ်သိတဲ့ ပညာရှင်တွေ ဆန္ဒယူပြီးရေးဆွဲဖို့ပါ" ဟု ၄င်းကဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ ပြင်ဆင်ရမည့် ဥပဒေ ၁၈ ခုရှိပြီး ၊ ၅ ခုရေးဆွဲပြီး ဖြစ်ကြောင်းနှင့် ၄ခုအား UN နှင့် ဆက်သွယ်ရေးဆွဲရမည်ဖြစ်ပြီး ဘဏ်များနှင့် သက်ဆိုင်သော ဥပဒေ ၉ ခုရှိကြောင်း ၄င်းက ထပ်လောင်းပြောသည်။
ကျော်ရဲလင်း ၊ စိုင်းလမင်း
Popular Myanmar News Journal
0 comments:
Post a Comment