5.10.13

အငြင်းပွားလယ်မြေကို ဝယ်ယူသည့် ရွှေ အိမ်ဆောက် ပစ္စည်း ဆိုင် လျော်ကြေးငွေ ကျပ် သိန်း ၁၅၀ ဖြင့် ညှိနှိုင်း

ဇေကမ္ဘာ ရန်ကုန်စက်မှုဇုန်မှ လယ်မြေကို ပြန် လည်ဝယ် ယူထားသော ရွှေအိမ် ဆောက် ပစ္စည်းဆိုင်နှင့် ယင်းမြေ ကိုလျော်ကြေး နစ်နာကြေးတောင်း ဆိုသော သိမ်းဆည်းခံ လယ်သမား များတွေ့ဆုံကြ ရာ လျော်ကြေးငွေ ကျပ်သိန်း ၁၅ဝဖြင့် ညှိနှိုင်းသွား ကြောင်း သိရသည်။

၁၉၉၄ခုနှစ်တွင် ဇေကမ္ဘာ ရန်ကုန်စက်မှုဇုန်ဆောက်လုပ်ရန် အတွက် ဇေကမ္ဘာ ကုမ္ပဏီက သိမ်း ဆည်းသွားသော လယ်မြေ ၃၂ဧက တွင် လစ်လပ်ကျန်ရှိနေသောလယ် မြေ ၂ဒသမ ၅ဝဧကကို မူလလုပ် ကိုင်သူလယ်သမားသုံးဦးက စိုက်ပျိုး ခွင့်ပြန်လည်ပေးအပ်ရန် (သို့မ ဟုတ်)ကာလပေါက်ဈေးပေးရန် တောင်းဆိုခြင်းဖြစ်သည်။ သို့သော် ယင်းမြေမှာ ဇေကမ္ဘာကုမ္ပဏီမှ တစ်ဆင့် ရွှေ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်က ဝယ်ယူ ထားပြီးဖြစ်ကြောင်း သိရသည်။

လယ်သမားဦးကြည်ရွှင်က ''နှစ်၂ဝလုံး ဒီမြေကိုပစ်ထားလို့ ကျွန်တော်တို့ ပြန်ပြီးလုပ်ကိုင်တော့ မယ်ဆိုတော့ ဇေကမ္ဘာက ရောင်း ထားပြီးသားဖြစ်နေတယ်။ အဲတော့ ဝယ်တဲ့သူနဲ့ပဲ ပတ်သက်သွားတာ ပေါ့။ ပထမဆုံးရွှေအိမ်ဆောက် ပစ္စည်းဆိုင်က သိန်း ၇ဝပေးတယ်။

ကျွန်တော်တို့ဘက်က မကျေနပ် တာကြောင့် ဒီနေ့မီဒီယာတွေနဲ့ ကျွန်တော်တို့ကို ကူညီပေးတဲ့ လယ် သမားပါတီကို ခေါ်လာလိုက်တော့ သူတို့ဘက်က ကျပ်သိန်း ၁၅၀ တိုးပေးလိုက်ပါတယ်''ဟု ပြော သည်။

မြန်မာနိုင်ငံ တောင်သူလယ် သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ဒေါ်ခင်သန်းဦး က ''သူတို့အချင်းချင်း ပြေလည် သွားပြီဆိုတော့လဲ ပြေလည်သွား ကြောင်း စာပြန်တင်ပေးရမှာပေါ့။ အဓိကကတော့ နှစ်ဖက်ပြေလည် သွားဖို့ပါပဲ''ဟု ပြောသည်။
လျော်ကြေးငွေ ကျပ်သိန်း ၁၅၀ ပေးအပ်ရန် ညှိနှိုင်း လိုက် သော ရွှေအိမ်ဆောက် ပစ္စည်း ဆိုင် ပိုင်ရှင် ကိုကျော်သူ ကို မေးမြန်းရာ ''ဒီကိစ္စနဲ့ပတ်သက်လို့ ပြေလည် သွားပြီဖြစ်တယ်။ ဒါကြောင့် ကျွန်တော့်ကို ဘာမှမမေးပါနဲ့ တော့''ဟု ပြန်လည်ဖြေကြား သည်။

အငြင်းပွားလယ်မြေလျော်ကြေးကိစ္စဖြေရှင်းနေစဉ်။ ဓာတ်ပုံ - ဒီခေတ်နေ
The Yangon Times

0 comments:

Post a Comment