3.11.13

ကလေးမွေးပြီး ဝိတ်ပြန်ချရန် ခက်လွန်းကြောင်း ကင်မ်ကာဒက်ရှီယန် ညည်းညူ

ကင်မ်သည် ချစ်သူ ကင်ညီဝက်စ်နှင့်အတူ သမီးလေး နော့သ်ဝက်စ်ကို ဖွားမြင်ခဲ့ပြီးနောက် ယခုအခါ ဝိတ်ချရန် ကြိုးပမ်းလျှက် ရှိသည်။
ကလေးမွေးပြီး ဝိတ်ပြန်ချရန် ခက်လွန်းကြောင်း ကင်မ်ကာဒက်ရှီယန် ညည်းညူကလေးမွေးပြီး တက်လာသည့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန် ဆိုသည်မှာ အလွန်ခက်ခဲသော ကိစ္စတစ်ခုဟု ကင်မ်ကာဒက်ရှီယန်က ညည်းတွားခဲ့သည်။ ကင်မ်သည် ချစ်သူ ကင်ညီဝက်စ်နှင့်အတူ သမီးလေး နော့သ်ဝက်စ်ကို ဖွားမြင်ခဲ့ပြီးနောက် ယခုအခါ ဝိတ်ချရန် ကြိုးပမ်းလျှက် ရှိသည်။ အသက်(၃၃)နှစ်ရှိ ကင်မ်က ကိုယ်ဝန်ဆောင် ကာလအတွင်း ကိုယ်အလေးချိန် ပေါင်(၅၀)မျှ တိုးလာခဲ့ပြီး ယခုအခါ ယင်းကို ပြန်လည် လျှော့ချရန် အားထုတ်ရမှုသည် မိမိဘဝ၏ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လာကြောင်း ဝန်ခံခဲ့သည်။ ကင်မ်သည် ဇွန်လ ကတည်းက မီးဖွားပြီး ဖြစ်သော်လည်း ကိုယ်ခန္ဓာ အချိုးအဆက်ကို ယခင်အခြေအနေမျိုး ပြန်လည်ရရှိအောင် မတည်ဆောက်နိုင်သေးချေ။

ဂျေးလီနို၏ ရုပ်မြင်သံကြား အစီအစဉ်တွင် ကင်မ်က "ကျွန်မ ဝန်ခံရပါမယ်။ ဒါဟာ ကျွန်မဘဝ တစ်လျှောက်လုံး ကြုံဖူးသမျှ အကြီးဆုံး စိန်ခေါ်မှုပါပဲ"ဟု ဖွင့်ဟခဲ့သည်။ ကင်မ်က သူမအနေဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် အလွန်အမင်း ခန္ဓာကိုယ် ဖွံ့ထွားလာခြင်းသည် Preeclampsiaခေါ် ပြင်းထန်သည့် သွေးဖိအား မြင့်တက်မှု ဖြစ်စဉ်မျိုးကြောင့်ဟုလည်း ရှင်းပြခဲ့သည်။ "အကျိုးဆက်ကတော့ အသားအရေတွေ ဖောရောင်လာတယ်။ ဘာလုပ်ရမလဲ ဆိုတာတောင် ကျွန်မ မတွေးတတ်တော့ဘူး။ ခုချိန်မှာတော့ ကျွန်မ ဦးတည်တဲ့ တစ်ခုတည်းသော အရာက ပေါင်(၅၀)လောက် ဝိတ်ပြန်လျှော့ဖို့ပဲ။ တော်တော်ခက်မယ့် ကိစ္စပါ။ တစ်ဖက်က တွေးကြည့်တော့လည်း စိတ်လှုပ်ရှားစရာပါပဲ"ဟု ကင်မ်က မှတ်ချက်ပြုသွားသည်။

0 comments:

Post a Comment