3.11.13

အမေရိကန်-မက္ကဆီကို နယ်စပ်တွင် မူးယစ်မှောင်ခိုလမ်းကြောင်း ဥမင်လှိုင်ခေါင်းကြီးတစ်ခု ရှာဖွေတွေ့ရှိ

အမေရိကန်နှင့် မက္ကဆီကို အာဏာပိုင်
များသည် နှစ်နိုင်ငံနယ်စပ်တွင် မူးယစ်မှောင်ခို
ကုန်ကူးသည့် မြေအောက်လမ်း ကြောင်းဖြစ်သော
မင်လှိုင်ခေါင်းကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၃၁က တရားဝင်ထုတ် ဖော်ပြော ကြားခဲ့သည်။ ယခုတွေရှိသည့် လှိုင်ခေါင်းသည် ၂၀၁၁ခုနှစ်က စတင်တွေ့ရှိသော မြေအောက်မှောင်ခို ကုန်ကူး လမ်းကြောင်းများအနက် တတိယမြောက် ဖြစ်သည်။

တစ်မိုင်၏ သုံးပုံတစ်ပုံခန့် ရှည်လျှားပြီး မြွေလိမ်မြွေကောက် ဖောက်လုပ်ထားသော ဥမင်သည် ဆန်ဒီယာဂိုနှင့် တီဂျန်နာမြို့အကြား နယ်စပ်တွင် တည်ရှိသည်။ လှိုင်ခေါင်းအတွင်း၌ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် အသုံးပြု သည့် လျှပ်စစ်ဓာတ်အားသုံး သံလမ်းတစ်ခုနှင့် လေ၀င်လေထွက်ပေါက်များကို စနစ်တကျ စီမံပြုလုပ်ထားသည်။ လှိုင်ခေါင်းအတွင်း ဆေးခြောက် ရှစ်တန်မျှကိုလည်း တွေ့ရှိခဲ့ကြသည်။

တီဂျန်နာမှ မက္ကဆီလိုလုံခြုံရေးတပ်ဖွဲ့မျာက လှိုဏ်ခေါင်း၏ တောင်ဘက်ထိပ်ဝသည် နယ်စပ်ခြုံစည်းရိုးမှ မီတာ ၈၀အကွာရှိ အဆောက်အအုံတစ်ခုတွင် စတင်ကာမြေအောက် မီတာ ၂၀ အနက်ရှိ လှိုင်ခေါင်းထဲသို့ သတ္တုလှေကားနှင့် ဆင်းနိုင်ရန်စီစဉ်ထားသည်ဟု ဆိုသည်။

အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် ယင်းကဲ့သို့ လှိုဏ်ခေါင်းများ တွေ့ရှိခြင်းမှာ အဆန်းအပြား မဟုတ်ပေ။ မူးယစ်ဂိုဏ်းများက အမေရိကန်နိုင်ငံအတွင်းသို့ တရားမ၀င်ဆေးများ သယ်ယူနိုင်ရန် ယင်းသို့သော လုပ်ရပ်များကို မကြာခဏ ကျူးလွန်နေကျဖြစ်သည်။ ၂၀၀၆ခုနှစ်မှ ယခုအချိန်အထိ မူးယစ်နှင့်ပတ်သတ်ပြီး အကြောင်းအမျိုးမျိုးနှင့် သေဆုံးသူပေါင်း ၇၇၀၀၀ ဦးအထိ ရှိနေသည်ဟု မက္ကဆီကို အာဏာပိုင်များက ဆိုသည်။


Ref:AP

0 comments:

Post a Comment