4.11.13

ထိုင်းနိုင်ငံ ပတ္တရား ကမ်းခြေတွင် နှစ်ထပ် သင်္ဘော တစ်စင်း တိမ်းမှောက် နစ်မြုပ် နိုင်ငံခြားသား ခရီးသည်များ သေဆုံး

ထိုင်းနိုင်ငံ၏ နာမည်ကြီး ကမ်းခြေမြို့တစ်ခု ဖြစ်သော ပတ္တရားကမ်းခြေတွင် နိုဝင်ဘာ ၃ရက် ညနေပိုင်းက
ခရီးသည် တင်နှစ် ထပ် သင်္ဘော တစ်စင်း တိမ်းမှောက် နစ်မြုပ်မှုကြောင့် ရုရှားနိုင်ငံသား နှစ်ဦး၊ တရုတ်နိုင်ငံသား တစ်ဦးနှင့် ထိုင်းနိုင်ငံ သား သုံးဦး စုစုပေါင်း ခရီးသည် ခြောက်ဦး သေဆုံးခဲ့ပြီး ကျန်ခရီးသည် ၂ဝဝ ဦးခန့်အား ကယ်ဆယ် နိုင်ခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ နှစ်ထပ်သင်္ဘောသည် ထိုင်းနိုင်ငံ သားများနှင့် နိုင်ငံခြားသားခရီး သည်များကို တင်ဆောင်ကာ လန်ကျွန်းမှမိနစ် ၃ဝ ကြာ အလည်အပတ် ခရီးစဉ်ပြီးနောက် ပတ္တရား ကျွန်းသို့ ပြန်လည် ထွက်ခွာလာစဉ် ဆိပ်ကမ်းမှ သင်္ဘော ထွက်ခွာပြီး မကြာမီတွင် အင်ဂျင်ချွတ်ယွင်းမှု ကြောင့် ပထမထပ်မှ ခရီးသည်များကို ဒုတိယထပ်သို့ ပို့ဆောင် ပြီးသောအခါမှ တိမ်းမှောက် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးကြီး ဆူဝမ်ချီအောနာ ဗင်သာဗက်က ပြောကြားခဲ့သည်။

အဆိုပါ သင်္ဘော၏ ခရီးသည်တင်နိုင်မှု ပမာဏမှာ ၁၃ဝ မှ ၁၅ဝ ခန့်သာဖြစ်ပြီး ယခုကဲ့သို့ ခရီးသည် ပိုမို တင်ဆောင်သောကြောင့် သင်္ဘော နစ်မြုပ်ရခြင်းနှင့် ပတ်သက်၍ ရေယာဉ်မှူးအား စုံစမ်းစစ်ဆေး မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆူဝမ်က ပြောကြားခဲ့သည်။

မြ၀တီ

0 comments:

Post a Comment