4.11.13

ညသန်းခေါင်ကျော်တွင် အင်းလျားကန်ဘောင်သို့ စစ်ဆေးပြီး ပညာပေးမည်

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်အတွင်း မှုခင်းကျဆင်းရေးအတွက် အင်းယားကန်ဘောင်ပေါ်၌
ဝင်ရောက်စစ်ဆေးပြီး သောက်စားမူးယစ်နေ သူများကို တွေ့ရှိပါက ပညာပေးခြင်းစီစဉ်တစ်ရပ်ကို ပြုလုပ်သွား မည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့ထံက သိရသည်။

အဆိုပါ အစီစသ်ကို ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့နှင့် လှိုင်မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းကာ နိုဝင်ဘာလ(၃)ရက်နေ့ မနက်နှစ်နာရီအချိန်တွင် စတင်မည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ကြပ်ဇော်မင်းကပြောသည်။

“အခုလိုသွားစစ်ရတဲ့ရည်ရွယ်ချက်ကတော့ မှုခင်းတွေမဖြစ်ဖို့ပါပဲ။အချိန်မတော် သောက်စားမူးယစ်ပြီးတော့ မဖြစ် သင့်တာတွေ မဖြစ်စေဖို့ပါပဲ။ကြီးကြီး ငယ်ငယ် ဘယ်လိုမှုခင်းမှ မဖြစ်စေချင်ဘူး”ဟု တပ်ကြပ်ဇော်မင်းက ပြောသည်။

စစ်ဆေးမှုဆောင်ရွက်နေစဉ် အင်းယားကန်ပေါင်တွင် တွေ့ရှိသူများကို သက်ဆိုင်ရာနယ်မြေရဲစခန်း သို့ခေါ် ဆောင်၍ ပညာပေးပြောကြားခြင် ကိုပြုလုပ်သွားမည်ဖြစ်ပြီး (၃)ကြိမ်ထက်ကျော်လွန်ပါက ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့အက်ဥပဒေ(၄၁/၁၄)အရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ပြီး အဆိုပါပုဒ်မအရထောင်ဒဏ် (၇)ရက်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

နိုဝင်ဘာ(၂)ရက်နေ့မနက်ခင်းတွင်လည်း အင်လျားကန်ဘောင်အတွင်း၌ အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း မရမ်းကုန်းရဲစခန်းထံက သိရှိရသည်။

“ကျွန်တော်တို့ ညဘက်သူငယ်ချင်းတွေနဲ့ ကန်ဘောင်မှာ သွားသောက်ရင် ၉ နာရီ လောက်ဆို ၀ီစီလိုက်မှုတ်ပြီး ပြန်ခိုင်းတယ်ဗျ။ အခုဒီနှစ်ထဲမှာတော့ ၀ီစီတော့လိုက်မှုတ်တယ် ဒါပေမဲ့ဘယ်သူမှ မပြန်ကြဘူး ညတစ်နာရီ၊ နှစ်နာရီလည်း အရက်သောက်တဲ့လူတွေတွေ့နေရတာပဲ။ တက္ကစီတွေဆိုတာလည်းကန်ဘောင်ရှေ့မှာအများကြီးပဲ” ဟု ကမာရွတ်မြို့နယ်အတွင်းနေထိုင်သည့် အသက် ၂၂ နှစ်အရွယ် လူငယ် တစ်ဦးက ပြောသည်။

ကန်ဘောင်ပေါ်တွင် စစ်ဆေးခြင်းမှာ မူခင်းကျဆင်းရေးနှင့် လုံခြုံရေးအရပြုလုပ်မည်ဆိုသော်လည်း လူငယ်တို့၏ လွတ်လပ်မှုထိပါးလာမည်ကို စိုးရိမ်လျက်ရှိကြောင်း ကမာရွတ်မြို့နယ်နေ လူငယ်တစ်ဦးက သုံးသပ်ပြောဆိုလျက်ရှိသည်။

Myit Ma Kha Media Group.

0 comments:

Post a Comment