4.11.13

မီတာခတိုးမြှင့်ကောက်ခံခြင်းကိုပြည်သူ့ဆန္ဒ ကောက်ခံကာ သမ္မတရုံးသို့ တင်မည်


မီတာခများတိုးမြှင့်ကောက်ခံသော ကိစ္စရပ်အား ပြည်သူလူထုမှကျေနပ်မှု မရှိသောကြောင့် ပြည်သူလူထုသဘောထား ကောက်ခံမည့် ဆွေးနွေးပွဲကို နိုဝင်ဘာ ၇
၇က်နေ့တွင်ပြုလုပ်၍ ရရှိလာသောအချက်များကို သမ္မတရုံးသို့ တင်ပြ သွားမည်ဖြစ်ကြောင်း Generation wave မှ ကိုမိုဃ်းသွေးက ပြောကြားသည်။

ပြည်သူလူထုသဘောထားကောက်ခံသော ဆွေးနွေးပွဲတွင
နိုင်ငံရေးတက်ကြွစွာလှုပ်ရှားသူများ အခြားလူမှုရေး အဖွဲ့ အစည်းများနှင့် ပြည်သူလူထု အားလုံးမှ ပါဝင်ဆွေးနွေးကြမည်ဖြစ်ပြီး ရရှိလာသောအချက်များကို သက်ဆိုင်ရာသို့ တင်ပြတောင်းခံမှုများလည်း ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

“မီတာခတိုးကောက်တာ ပြည်သူတွေမကျေနပ်မှုတွေအများကြီးရှိတယ်။ ဆန္ဒပြမယ့်အစား သဘောထားကောက်ခံမှုတစ်ရပ် လုပ်လိုက်ရင် ဖြစ်စေချင်တဲ့ အချက် လက်တွေထွက်လာမယ်။ အဲဒီ့အချက်အလက်တွေထဲ
မှာမှ ဘယ်အချက်ကိုသဘောတူနိုင်မယ်။ ဘယ်အချက်ကို သဘောမတူနိုင်ဘူးက တော့ သက်ဆိုင်ရာတွေရဲ့အပိုင်းပါ”ဟု
Generation Wave မှ ကိုမိုဃ်းသွေးက ပြောကြားသည်။

ယင်းသို့မီတာခများတိုးမြှင့်ကောက်ခံရာတွင် ပြည်သူလူထုအများစုတွင် အဆင်မပြေမှုများလည်းရှိပြီး လုပ်ငန်းရှင်အများစုမှာလည်း မီတာခပိုမိုကုန်ကျ နိုင်ပြီး အဘက်ဘက်မှ အဆင်မပြေမှုများစွာ ရှိနိုင်ကြောင်း Generation Wave မှ ကိုဇင်ကိုက ပြောကြားသည်။

“မီတာခတိုးကောက်ပြီး မီးပုံမှန်မလာဘူး။ အနည်းနဲ့ အများတော့ ပြည်သူလူထုမှာအခက်အခဲရှိတယ်။ မကျေ နပ်တာတွေလည်း ဖြစ်နေပြီး၊ ဆန္ဒပြမယ့် ပြည်သူလူထုတွေလည်း ရှိတယ်”ဟု ကိုမိုးသွေးက ပြောကြားသည်။

ပြည်သူ့သဘောထားကောက်ခံသည့် ဆွေးနွေးပွဲအားသင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်း၊ ဓမ္မပီယကျောင်းတိုက်တွင် ပြုလုပ် မည်ဖြစ်ပြီး၊ ရရှိလာသော အချက်အလက်များကို အမြန်ဆုံးသက်ဆိုင်ရာသို့ တင်ပြ၍
တာဝန်ရှိအဖွဲ့များနှင့် လူချင်းတွေ့ဆုံပြီး၊ ရလဒ်ကောင်း ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း GenerationWave မှ ကိုမိုဃ်းသွေးက ပြောကြားသည်။

မီတာခများကို ယခုလ နိုဝင်ဘာ ၁ရက်မှစတင်ကာ ယခင်ကရိုးရိုးမီတာ တစ်ယူနစ်လျှင် ၃၅ ကျပ်အစား ယခုအခါ ရိုးရိုးမီတာ ယူနစ် ၁၀၀ ထက် ကျော်လွန်ပါက ကျပ် ၅၀ ကောက်ခံ သွားမည်ဖြစ်ကြောင်း၊ ယခင်က စက်မှုနှင့် လုပ်ငန်းသုံးမီတာကို တစ်ယူနစ်လျှင် ၇၅ ကျပ်အစား ယခုအခါ ယူနစ် ၅၀၀၀အောက်သုံးစွဲပါက တစ်ယူနစ်လျှင် ကျပ် ၁၀၀၊ယူနစ် ၅၀၀၀
နှင့်အထက်အသုံးပြုပါက ကျပ် ၁၅၀ အထိ ကောက်ခံသွားမည်
ဖြစ်ကြောင်း မြန်မာ့ လျှပ်စစ်ဓါတ်အားဖြန့် ဖြူးရေးဌာနက တရားဝင်ထုတ်ပြန်ထားသည်။

ရေးသားသူ - မေထက်မြင့်စိုး
People power

0 comments:

Post a Comment