23.12.13

ဆက်သွယ်ရေးကွန်ရက် တည်ဆောက်မှု ပံ့ပိုးသူအဖြစ် Nokia ကို အော်ရီဒူးမြန်မာ ရွေးချယ်

မြန်မာနိုင်ငံတွင် အော်ရီဒူးမြန်မာ၏ 3G ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရန် အဓိက ပံ့ပိုးသူ (Supplier) အဖြစ် နိုကီယာ (Nokia Solutions and Networks) ကို ရွေးချယ်ခဲ့ကြောင်း အော်ရီဒူးမြန်မာမှ အမှုဆောင် အရာရှိချုပ် Ross Cormack ကပြောကြားသည်။

နိုကီယာကုမ္ပဏီ အနေနှင့် ပြည်တွင်းရှိ အော်ရီဒူးမြန်မာ၏ မိုဘိုင်းလ်နှင့် အင်တာနက် ဝန်ဆောင်မှု အသုံးပြုမည့် သူများအတွက် Radio, CoreEquipment အစရှိသော ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရာတွင် အသုံးပြုမည့် ပစ္စည်းများနှင့် အခြားဝန်ဆောင်မှု များကိုပါ တွဲဖက်ထောက်ပံ့

ကူညီပေးရမည် ဖြစ်ကြောင်း နိုကီယာဘက်မှ ထုတ်ပြန်ထားသည်။

နိုကီယာအနေနှင့် မြန်မာနိုင်ငံအတွင်း 900 MHz နှင့် 2100 MHz bands အသုံးပြုနိုင်သော 3G Radio Access Network (RAN) ကို ၂ နှစ်အတွင်း အပြီးသတ် တည်ဆောက်ပေးရမည် ဖြစ်ပြီး စွမ်းအင်ချွေတာ သုံးစွဲနိုင်သော FlexiMultiradio 10 Base Station နှင့် Multicontroller Radio Network Controller (mcRNC) များကိုပါ အော်ရီဒူးမြန်မာအတွက် တည်ဆောက် ပေးရမည် ဖြစ်သည်။

အော်ရီဒူးမြန်မာ၏ ဆက်သွယ်ရေး ကွန်ရက်ကို ဆက်သွယ်ရေးလိုင်စင် တရားဝင် ရရှိပြီးနောက် ခြောက်လအတွင်း အပြီးသတ် တည်ဆောက်သွား
မည် ဖြစ်ပြီး တာဝါတိုင်များ တည်ဆောက်ရန်ီ Digicel နှင့် ရိုးမတို့ ပူးပေါင်းထားသော Myanmar Towers Company နှင့် စာချုပ် ချုပ်ဆိုထားသည်။

အခြားဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော တယ်လီနော မြန်မာက
လည်း ပြည်တွင်းတွင် ယင်းကုမ္ပဏီအတွက် တည်ဆောက်မည့် ဆက်သွယ်ရေး ကွန်ရက်အတွက် တာဝါတိုင်များ တည်ဆောက်ရန် Apollo Towers ကုမ္ပဏီကို ရွေးချယ်ထားပြီး Vendor ကုမ္ပဏီများအဖြစ် Huawei နှင့် Ericson ကုမ္ပဏီတို့နှင့် MoU ရေးထိုးထားသည်။

ပြည်တွင်းတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိထားသော အော်ရီဒူးမြန်မာ ကုမ္ပဏီနှင့် တယ်လီနောမြန်မာ ကုမ္ပဏီတို့သည် မြန်မာအစိုးရနှင့် ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးနေဆဲဖြစ်ပြီး လာမည့် နှစ်ဆန်းပိုင်း ကာလတွင် အပြီးသတ်မည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိကြီးတစ်ဦးက ဆိုသည်။

ဖင်လန် အခြေစိုက် Nokia Solutions and Networks သည် ကမ္ဘာ့အကောင်းဆုံး မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက် Vendor ကုမ္ပဏီများတွင် တစ်ခုအပါအဝင် ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၂၀ ကျော်တွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသည်။

The Voice Weekly

0 comments:

Post a Comment