12.1.14

“အသာစံလမ်းစဉ်နှင့် အနာခံလမ်းစဉ်”

အသာစံခြင်းလမ်းစဉ်ကို အရှင်ဒေဝဒတ် တည်ထောင်ခဲ့သည်။

အသာစံခြင်းလမ်းစဉ်၏နောက်ဆုံးပန်းတိုင်သည် အပါယ်လေးပါး၊



အသာစံခြင်းလမ်းစဉ်ကို တည်ထောင်ခဲ့သော

အရှင်ဒေဝဒတ်ကိုယ်တိုင် ယခုအခါ အပါယ်လေးပါးသို့

ကျရောက်နေပြီဖြစ်သည်။

အသာစံခြင်းဟူသည် ပယ်သတ်ရမည့် သမုဒယသစ္စာခေါ်

တဏှာလောဘကို သိမ်းပိုက်ထားခြင်းဖြစ်သည်။

အနာခံခြင်းလမ်းစဉ်ကို ဗုဒ္ဓတည်ထောင်တော်မူခဲ့သည်။

အနာခံခြင်းလမ်းစဉ်၏နောက်ဆုံးပန်းတိုင်သည် နိဗ္ဗာန်၊

အနာခံခြင်းလမ်းစဉ်ကို တည်ထောင်ခဲ့သော

ဗုဒ္ဓကိုယ်တိုင် ယခုအခါ နိဗ္ဗာန်ချမ်းသာကိုခံစားနေပြီဖြစ်သည်။

အကျဉ်းချုပ်အားဖြင့်

မည်သည့်အလုပ်ကိုလုပ်လုပ်

ငါကောင်းစားဖို့ ရည်ရွယ်ချက်ဖြင့်လုပ်လျှင်

အရှင်ဒေဝဒတ်၏အသာစံလမ်းဖြစ်သည်။

မည်သည့်အလုပ်ကိုလုပ်လုပ်

လောကကောင်းစားဖို့ ရည်ရွယ်ချက်ဖြင့်လုပ်လျှင်

ဗုဒ္ဓ၏အနာခံလမ်းစဉ်ဖြစ်သည်။

မေတ္တာရှင် (ရွှေပြည်သာ)
Buddhavasa Tiloka

0 comments:

Post a Comment